Headlines News :
Home » » OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား

OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား

Written By လွင့်မောင်မောင် on Sunday, October 14, 2012 | 9:24 PM



မန္တလေး၊ အောက်တိုဘာ- ၁၄
မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထားစဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။

ဝန်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံအစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက်သတင်းရယူခဲ့သော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော်ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေးနည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထားနေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

ဓာတ်ပုံ- မောင်တာ(7DAy News)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template