Headlines News :
Home » » ပုဂံတွင် ဒုတိယအကြိမ် ကန့်ကွက်ဆန္ဒပြမည်

ပုဂံတွင် ဒုတိယအကြိမ် ကန့်ကွက်ဆန္ဒပြမည်

Written By လွင့်မောင်မောင် on Tuesday, November 20, 2012 | 7:13 PM

 
ရန်ကုန်၊ နိုဝင်ဘာ-၂၀

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ယဉ်ကျေးမှုနှင့် မလျော်ညီသည့် လုပ်ရပ်များကို ပုဂံဒေသခံများက အောက်တိုဘာ ၂၂ ရက်တွင် ပထမအကြိမ် ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း ဒေသအာဏာပိုင်များဘက်မှ လိုက်လျောမှုများ မရှိခဲ့သည့်အတွက် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ပွဲကို နိုဝင်ဘာ ၁၃ ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သည့် ပုဂံဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။

ယခု ဆန္ဒဖော်ထုတ်ပွဲကို ညောင်ဦးရဲစခန်းတွင် နိုဝင်ဘာ ၁၇ ရက်က ခွင့်ပြုချက်တောင်းထားပြီး လူအင်အား ၃၀၀၀ ကျော်နှင့် အချိန် ၇ နာရီခန့် ဆန္ဒဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားကြောင်း ၄င်းက ပြောသည်။ ဆန္ဒဖော်ထုတ်မည့် လမ်းကြောင်းမှာ ညောင်းဦးမြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ခိုင်ဝါကဖီး မြန်မာ့ရှေ့ဆောင်ဘဏ်မှ ပုဂံမြို့သစ်ရှိ ထန်းဥယျာဉ်ဟိုတယ်ထိ ရှစ်မိုင်ခရီးဖြစ်ကြောင်း သိရသည်။

''ပုဂံမှာ အဆောက်အဦသစ်တွေကို ရှေးဟောင်းအ ဆောက်အဦတွေ ဘုရားပုထိုးတွေ ကိုဖြိုဖျက်ပြီး ဆောက်တယ်။ ကျွန်တော်တို့မှာ ဓာတ်ပုံအထောက်အထား အကုန်ရှိတယ်။ ဒေသခံတွေကိုကျတော့ တစ်နိုင် တစ်ပိုင်တည်းခိုခန်းတွေကျတော့ ခွင့်ပြုတယ်။ အခု ဆန္ဒဖော်ထုတ်မယ့် ရှစ်မိုင်ခရီးစဉ်တစ်လျှောက်က ယဉ်ကျေးမှုနဲပ မလျော်ညီတဲ့ အဆောက်အဦတွေ အကုန်ကို ဆန္ဒဖော်ထုတ်သွားမှာပါ''ဟု ကိုမင်းနိုင်အောင်က ပြောသည်။

ပထမအကြိမ် ဆန္ဒဖော်ထုတ်ခွင့်ကို လူအင်အား ၁၀၀ ကျော်နှင့် အချိန်တစ်နာရီသာ ခွင့်ပြုခဲ့ပြီး ယခုတစ်ကြိမ် ဆန္ဒ ဖော်ထုတ်ပွဲကိုမူ ခွင့်ပြုချက်ရမည်ဟု နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ကြားသိထားရကြောင်း၊ မျှော်လင့်ထားသည့်အတိုင်း ခွင့်ပြုချက်မရရှိခဲ့လျှင်လည်း ယင်းနေ့တွင် မိမိတို့ သတ်မှတ်ထားသည့် အစီအစဉ် အတိုင်း ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကိုမင်းနိုင်အောင်က အတည်ပြုပြောကြားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template