Headlines News :
Home » » ဆီးဂိမ်းဖွင့်ပွဲ သီချင်းကို မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ သီဆိုမယ့် အိုင်းရင်းဇင်မာမြင့်

ဆီးဂိမ်းဖွင့်ပွဲ သီချင်းကို မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ သီဆိုမယ့် အိုင်းရင်းဇင်မာမြင့်

Written By လွင့်မောင်မောင် on Tuesday, November 20, 2012 | 6:29 PM

မယ်လိုဒီဝေါလ်မှာ ပြိုင်ပွဲ ယှဉ်ပြိုင်ရင်း “ဘဝတစ်ကွေ့” စီးရီးမှာ မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့အတူ တွဲဖက် သီဆိုထားကာ အနုပညာ လောကထဲကို ခြေချလာ သူ ကတော့ အိုင်းရင်းဇင်မာမြင့် ပဲဖြစ်ပါတယ်။ အခု အချိန် မှာလည်း သူ့ရဲ့တစ်ကိုယ်တော်ခွေ ဖြစ်တဲ့ “ယိမ်းလိုက်” အခွေကိုလည်း စီစဉ်ထားပြီး နိုဝင်ဘာလ ၁၇ရက်နေ့ မှာ ပရိသတ်တွေဆီ ဖြန့်ချိမှာ ဖြစ်ကြောင်းလည်း ပြောပြခဲ့ ပါတယ်။

ပြိုင်ပွဲ ယှဉ်ပြိုင်တုန်းက ရင်ခုန်မှုနဲ့အခု တစ်ကိုယ် တော်ခွေ ထွက်ရှိတော့မယ့် ရင်ခုန်မှုက အိုင်းရင်း အနေ နဲ့ ဘယ်လို ကွာခြားခံစားရလဲလို့ မေးကြည့်တော့ “ပြိုင်ပွဲဝင်ပြိုင်တာနဲ့ တစ်ကိုယ်တော် အခွေ ထုတ်တာက အားလုံးကို ကွာခြားသွားတာ။ မယ် လိုဒီဝေါလ် မှာပြိုင်ပွဲ ယှဉ်ပြိုင်သူ တစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ယုံကြည်မှု မရှိဘူး။

စပြီးတော့ ဝါသနာရှင် အနေနဲ့ စပြိုင်လာတာလေ။ အခုက ပရိသတ်တွေနည်းနည်းလေး သိလာပြီး အိုင်းရင်းဇင်မာမြင့် ဆိုပြီး လက်ခံလာတဲ့ အနေအထား လောက် ရောက်လာပြီမို့ တစ်ကိုယ်တော်ခွေ ထွက်ရ တာလည်း အတိုင်းအတာ တစ်ခုပေါ့။ ကျေနပ်မှု လည်း ရှိသလို ယုံကြည်မှုလည်း ရှိလာတယ်။

အခုဆိုရင် မြင့်မြတ်၊ ကောင်းကောင်းနဲ့ အိုင်းရင်း တို့တွဲဆိုတဲ့ ဘဝတစ်ကွေ့ အခွေဆို ပရိသတ်တွေက ဝေဖန် အားပေး လို့ ပျော်တယ်” လို့ ပြောပြခဲ့ပါတယ်။

အိုင်းရင်း အနေနဲ့ ဒီဘဝတစ်ကွေ့အခွေကို ပရိသတ်တွေရဲ့ တုံ့ပြန်မှုအပေါ် မှာကော ဘယ်လိုမြင်မိလဲလို့ မေးကြည့်တော့ အိုင်းရင်း ဇင်မာမြင့်က “အိုင်းရင်းထင်တယ်၊ ကိုမြင့်မြတ်ရဲ့ ပရိသတ်က အခိုင်အမာ ရှိတာကိုး။ အိုင်းရင်းတို့ စီဒီမှာတောင် အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ အမှန်ဆို ရင် စီဒီတွေမှာတင် သူ့အလုပ်၊ ကိုယ့်အလုပ်နဲ့ မအားတာနဲ့ ရပ်လိုက်ဖို့တောင် အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ပရိသတ်တွေက လိုလိုလားလား ရှိတော့ ဗီစီဒီ အတွက် ထပ်ကြိုး စားမယ်” လို့ အိုင်းရင်းဇင်မာမြင့်က ပြောပြခဲ့ပါတယ်။

နိုဝင်ဘာ၁၇ ရက်နေ့က “ယိမ်းလိုက်” အခွေ လက်မှတ် ရေးထိုးပွဲကို တော်ဝင်စင်တာနဲ့ Capital တို့ မှာ ကျင်းပခဲ့ပြီး ဆီးဂိမ်း မှာလည်း မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့အတူ ဖွင့်ပွဲ သီချင်းကို သီ ဆိုမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
 ထူးထူးhttp://popularmyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template