ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အားကောင်းလာနိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနက နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် သတင်းထုတ် ပြန်ခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက် မွန်းလွဲ ၁၂း၃၀ နာရီအချိန်တိုင်းထွာချက်များအရ အဆိုပါမုန်တိုင်းငယ်သည် ပုသိမ်မြို့၏ အနောက်ဘက် မိုင် ၄၀၀ ခန့်၊ ကျောက်ဖြူမြို့၏အနောက်တောင်ဖက် မိုင် ၃၈၀ ခန့် အကွာ ပင် လယ်ပြင်ကို ဗဟိုပြုနေပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့အားကောင်းလာကာ အနောက်မြောက်ဘက်သို့ရွေ့ လျားနိုင်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မုန်တိုင်း၏အခြေအနေကို အ၀ါရောင် အဆင့်သတ်မှတ်ထားပြီး ၎င်းမုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ကန်းရိုးတမ်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်ကျစဉ်တွင် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိရှိနိုင်ကြောင်း မိုးေ၀၀သနှင့်ဇလဗေဒဦးစီးဋ္ဌာနက ထုတ်ပြန်ကြေညာထားသည်။