
မုံရွာခရိုင် လက်ပန်းတောင်းတောင် စီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက် သပိတ်စခန်းဖွင့်တာ ၅ ရက်မြောက်နေ့မှာ ဆန္ဒပြသမားတွေက မုံရွာမြို့ပေါ်ကို ဒီနေ့ စတင်ချီတက်ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။ နယ်မြေခံ ရွာသားတွေက တရုတ်ကုမ္ပဏီ ၀မ်ပေါင်းအနီးနဲ့ လက်ပန်းတောင်းတောင် အတက် တောင်ကြားတွေမှာ သပိတ်စခန်း ၃ ခုကို ဖွင့်လှစ်ဆန္ဒပြနေကြတာ ဒီနေ့ဆို ၅ ရက်မြောက်ပါပြီ။---
