Headlines News :
Home » » ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်၌ နောက်ကွယ်မှ ကြိုးကိုင်ကာ လှုံ့ဆော် မှုများတွင် တိုက်ရိုက် ပါဝင်ပတ်သက်သည့် သူများကို တရားဥပဒေအရ အရေးယူရန် ထိန်းသိမ်းထား

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်၌ နောက်ကွယ်မှ ကြိုးကိုင်ကာ လှုံ့ဆော် မှုများတွင် တိုက်ရိုက် ပါဝင်ပတ်သက်သည့် သူများကို တရားဥပဒေအရ အရေးယူရန် ထိန်းသိမ်းထား

Written By လွင့်မောင်မောင် on Thursday, November 22, 2012 | 10:54 PM

 
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်၌ နောက်ကွယ်မှ ကြိုးကိုင်ကာ လှုံ့ဆော်မှုများတွင် တိုက်ရိုက်ပါဝင် ပတ်သက်သည့် သူများကို တရားဥပဒေအရ အရေးယူရန် ထိန်းသိမ်းထားသည်ဟု နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

'' နောက်ကွယ်က ကြိုးကိုင်သူက နှစ်ဘက်စလုံးမှာ ရှိနေပြီး အချို့သော အထောက်အထားတွေ တွေ့ရှိပြီး ဖြစ်ပါတယ်။ ဆက်လက် ဖော်ထုတ်နေဆဲလဲ ဖြစ်ပါတယ်။ တိုက်ရိုက်ပါဝင် ပတ်သတ်သူတွေကို ထိန်းသိမ်းထားပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်းက ဒေသခံများကိုသာမက လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးသူများကို ကာကွယ်ပေးထားပြီး ဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ချထားပြီး ဖြစ်ကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့လည်း ရှိနေကြောင်း၊ အခြား အကြမ်းဖက်မှုများ ဖြစ်မလာစေရန် ကြိုတင် ကာကွယ်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ဒီအချိန်မှာ လက်လုပ်လက်နက်ပေါင်း ၇၂၆ ခုကို သိမ်းဆည်း ရမိပြီးလည်း ဖြစ်ပါတယ်။ အရေးယူဖို့ကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။ တရားဥပဒေ စိုးမိုးမှုအတွက် အခုလို လုပ်ဆောင်နေတာဖြစ်ပြီး လုံခြုံရေးကို အချိန်နဲ့အမျှ တိုးမြှင့်ချထားပါတယ်'' ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးက ရိုဟင်ဂျာဆိုသော အသုံးအနှုန်းသည် အင်မတန်မှ အငြင်းပွားစရာဖြစ်သည့် အသုံးအနှုန်း ဖြစ်ကြောင်း၊ မိမိတို့ပြည်ထောင်စု အစိုးရအနေနှင့်ရော၊ ရှေးက အစိုးရအဆက်ဆက် အနေနှင့်ရော ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ်ကို သော်လည်းကောင်း၊ တိုင်းရင်းသားဆိုသည့် အချက်ကို သော်လည်းကောင်း လက်ခံထားခြင်း မရှိကြောင်း စသည်ဖြင့် ဆက်လက် ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား အကြမ်းဖက်မှုများကြောင့် လူသေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားပြီး ဇွန်လနှောင်းပိုင်းတွင် ဒေသအခြေအနေ ပြန်လည်တည်ငြိမ်စ ပြုလာခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးမှုများ ရှိခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://onekokoaung.blogspot.com မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template