Headlines News :
Home » » ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတ နိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို အား လက်ခံတွေ့ဆုံ

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတ နိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို အား လက်ခံတွေ့ဆုံ

Written By လွင့်မောင်မောင် on Wednesday, November 21, 2012 | 6:41 PM

 
နေပြည်တော် နိုဝင်ဘာ ၂ဝ
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနိုအား ယနေ့နံနက်(၁ဝ)နာရီမိနစ်(၄ဝ)တွင် ဖနောင်ပင်မြို့ရှိ Peace Palace စတုတ္ထထပ်ရှိ
 Call Room ၌ လက်ခံ တွေ့ဆုံသည်။

ရှေးဦးစွာ အင်ဒိုနီးရှားနိုင်ငံသမ္မတက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အောင်မြင်မှုများအပေါ် ချီးကျူးပါကြောင်း၊ ဆက်လက်၍လည်း ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် လာမည့်နှစ် အစောပိုင်းကာလတွင် အင်ဒိုနီးရှားနိုင်ငံမှ အစိုးရပိုင်းနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်၍ မြန်မာနိုင်ငံအစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင် စီးပွားရေး အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အင်ဒိုနီးရှားမှ စိတ်ဝင်စားသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် အတူတကွလက်တွဲ ဆောင်ရွက်လိုပါကြောင်း၊
အသေးစိတ်အား နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စသည် သိမ်မွေ့နက်နဲသည့် ကိစ္စဖြစ်သည့်အတွက် ပဋိပက္ခဖြစ်ပွားရခြင်း၏ သဘောသဘာဝကို အင်ဒိုနီးရှားပြည်သူများ အနေဖြင့် နားလည်မှု မလွဲမှားကြစေရန် ပြောကြားပေးလျက် ရှိပါကြောင်း၊ ပြဿနာအား ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး စသည့်ဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာအစိုးရ အနေဖြင့် UN၊ NGOs ၊ INGOs စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မူဝါဒများကို ထောက်ခံပါကြောင်း၊

မြန်မာနိုင်ငံမှ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် မူဝါဒအပေါ်အခြေခံ၍ နိုင်ငံတကာ မျက်နှာစာတွင် ကမ္ဘာ့နိုင်ငံများမှ နားလည်မှုလွဲမှားမှုများ ပပျောက်အောင် မည်ကဲ့သို့ လုပ်ဆောင်သွားနိုင်မည်ကို အဖြေရှာဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နေမှုအား အဆွေတော်မှ ထောက်ခံသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ယင်းအရေးကိစ္စကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူများကိုလည်း နိုင်ငံတော်အနေဖြင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း၊ အိုးအိမ်သစ်များ ဆောက်လုပ်ပြီး ပြန်လည်ထူထောင်နေရာချထားရေး ကိစ္စများ လုပ်ဆောင်ပေးခြင်းတို့ကိုလည်း စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရခိုင်ဒေသအတွင်း ပညာရေး၊ အသိပညာနှင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာရန် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ အလုပ်အကိုင်များ ရရှိရေးစီမံ ဆောင်ရွက်ခြင်းတို့အား နိုင်ငံတော်နှင့်အတူ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGOsများ၊ INGOs များ၊ ပြည်တွင်းမှ စေတနာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့်လည်း လာရောက် ရင်းနှီးမြှုပ်နှံခြင်းနှင့် ကူညီထောက်ပံ့မှုများ ပေးမည်ဆိုပါက ကြိုဆိုလက်ခံပါကြောင်း၊ အဆိုပါ အရေးကိစ္စနှင့် စပ်လျဉ်း၍လည်း အဖွဲ့ဝင် (၂၇)ဦးပါ စုံစမ်းရေး အဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် နေ့စဉ်ကျွေးမွေး ပြုစု စောင့်ရှောက်ခြင်း လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ကူညီမှုများကိုလည်း ကြိုဆိုပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လိုခြင်းကို ကြိုဆိုပါကြောင်းနှင့် နှစ်နိုင်ငံ ပိုမို ပူးပေါင်း ဆောင်ရွက်ကြ မည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတရုံး http://www.president-office.gov.mm/zg/briefing-room/news/2012/11/20/id-1783
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template