Headlines News :
Home » » မိုးထိမိုးမိ ရွှေလုပ်သားတွေ ဆက်လက်ချီတက်

မိုးထိမိုးမိ ရွှေလုပ်သားတွေ ဆက်လက်ချီတက်

Written By လွင့်မောင်မောင် on Sunday, November 18, 2012 | 10:10 PM

 မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာအုပ်စုမှာရှိတဲ့ မိုးထိ မိုးမိတောင်က ထောင်နဲ့ချီတဲ့ ရွှေတူးလုပ်သားတွေဟာ သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်မှာရှိတဲ့ သမ္မတ အိမ်တော်အထိ ရန်ကုန်မြို့ကနေ ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။

ရွှေတွင်းအလုပ်သမား (၈၁)ဦးဟာ ဒီကနေ့မှာ တောင်ငူမြို့ကနေ ထွက်လာပြီး နောက်(၄)ရက်အကြာမှာ နေပြည်တော်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ လမ်းလျှောက် ဆန္ဒပြနေတဲ့ အလုပ်သမားတစ်ဦးက RFAကို ပြောပါတယ်။

အလုပ်သမားတွေဟာ ရန်ကုန်မြို့မှာ ဆန္ဒဖေါ်ထုတ်ဖို့ ခွင့်ပြုမိန့် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့တာကြောင့် ရန်ကုန်မြို့ကနေ မိုင်၂၇၀လောက် အကွာအဝေးရှိတဲ့ နေပြည်တော်ကို ချီတက်လမ်းလျှောက် ဆန္ဒပြကြတာပါ။

နေပြည်တော်မှာရှိတဲ့ သတ္တုတွင်းဝန်ကြီးဌာနရုံး၊ ပြည်သူ့လွှတ်တော်ရုံးတွေမှာ ဆန္ဒပြတောင်းဆိုဖို့အပြင် သမ္မတဦးသိန်းစိန်ရဲ့အိမ်တော်မှာလည်း အသနားခံ တောင်းဆိုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ရွှေတူးလုပ်သားတွေဟာ ဇွန်လ ၁ ရက်ကစပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template