
ကျောင်းသား ၅၀၀ ခန့် ပြန်လည်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး စစ်ကိုင်းရွာသစ်ကြီးရှိ ကျောင်းတွင် ပညာ သင်ကြားရသည်မှာ အဆင်မပြေမှုရှိ၍ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု သိရသည်။
"ကျွန်တော်တို့က တောထဲက လာခဲ့ရတာပါ ဒါကြောင့်မြို့ပေါ်မှာပဲစာသင်ချင်ပါတယ်။ကျောင်းသားအားလုံး သဘောတူလို့ပြောင်းလာကြတာပါ" ဟုတိုင်းရင်းသားကျောင်းသားတစ်ဦးကပြောသည်။
ခြေလျင်ပြောင်းရွှေ့လာကြသည့်ကျောင်းသားများသည် စစ်ကိုင်းရွာသစ်ကြီးမှ ဧရာဝတီတံတား (ရတာနာပုံ) ကိုဖြတ်ကာ မြစ်ငယ်-စစ်ကိုင်း လမ်းခွဲမှတဆင့် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ မူလကျောင်းသို့
၇ နာရီ ၀န်းကျင်ကြာလမ်းလျှောက်ပြောင်းရွှေ့ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက် နံနက် တစ်နာရီဆယ့်ငါးမိနစ်ခန့်တွင် မူလကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ကျောင်းသားများ မူလကျောင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျောင်းအုပ်ကြီးမှ မီဒီယာများအားပြန်ရန်ပြောဆိုခဲ့ပြီး မနက်မှ မေးမြန်းမှုများ ထပ်မံပြုလုပ်ရန်ပြောဆိုခဲ့သည်။
ဓာတ်ပုံ- ညီညီဇော်(7 Day News)