သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့
Peace Palace ၌ ကျင်းပနေသော၂၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး Retreat
Session အပြီး ကမ္ဘောဒီးယားစံတော်ချိန် ၄နာရီကျော်တွင် မြန်မာနိုင်ငံသို့
ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
သမ္မတသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၃၀ တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်
အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊
နှစ်နိုင်ငံခေါင်းဆောင်များမှ ပြည်တွင်းပြည်ပ သတင်းဌာနများမှ
သတင်းထောက်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် အိုဘားမားနှင့် တွေ့ဆုံပြီးနောက် ၂၁ကြိမ်မြောက်
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို တတ်ရောက်ရန်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ ပြန်လည်ထွက်ခွာလာမည် ဖြစ်သည်။
Popular Myanmar News Journal