Headlines News :
Home » » တပ်သား ၃ ဦး ပြန်မရသဖြင့် မြန်မာဘက်က နယ်စပ်ဂိတ်များကို စတင်ပိတ်

တပ်သား ၃ ဦး ပြန်မရသဖြင့် မြန်မာဘက်က နယ်စပ်ဂိတ်များကို စတင်ပိတ်

Written By လွင့်မောင်မောင် on Wednesday, November 21, 2012 | 5:04 PM

ပျောက်ဆုံးနေသော မြန်မာ စစ်သား (၃) ဦးကို ယခု အချိန်ထိ ပြန်မရသဖြင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား ဖြတ်ကျော် သွားလာနေသော နယ်စပ်ဂိတ်များ အားလုံးကို မြန်မာဘကက် စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။
Photo by REUTERS/Andrew Biraj
ယခုပိတ်လိုက်သော နယ်စပ်ဂိတ်များတွင် နတ်မြစ်ကို မော်တော်ဘုတ်များဖြင့် နေ့စဉ် ဖြတ်ကျော် သွားလာနေသော ပတ်စ်ပို့ဂိတ်လည်း ပါဝင်သည်ဟု ဒေသခံ စီးပွားရေး သမား တစ်ဦးက ပြောသည်။
“ အခုပိတ်ထားလိုက်တဲ့ ဂိတ်တွေမှာ မောင်တောနဲ့ တက်ကနက်မြို့အကြား တရက်တာ ဗီဇာနဲ့ ပတ်စ်ပို့ကိုင် သွားလာနေတဲ့ မောင်တောမြို့ပေါ်က ပီအိုကြီးဂိတ်လည်း ပါဝင်ပါတယ်။ ဒီလ ၁၉ ရက်နေ့ကနေ စတင် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တခြား ပိတ်ထားလိုက်သော ဂိတ်များမှာ ချောင်းဝတိုင်းတွင် ဖွင့်လှစ်ထားသော ငခူရဂိတ်၊ ခြံပြင်ဂိတ်၊ ရွက်ညိုးတောင်ဂိတ်၊ မင်္ဂလာကြီးဂိတ်၊ မကျဲချောင်းဂိတ်၊ နခေါင်းတောင်စသည့် ဂိတ်များ အားလုံး ပါဝင်သည်ဟု သိရသည်။
မြန်မာဘက်က ဂျီးအီး စစ်သား (၃) ကို ပြန်လည် မရရှိသဖြင့် နယ်စပ်တွင် အခြေအနေများ တစ်နေ့ထက် တစ်နေ့ တင်းမာလာနေရာမှ ယခုအခါ နယ်စပ် ဖြတ်ကျော်သွားလာနေသော ဂိတ်များကို စတင် ပိတ်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ မြန်မာ နစကနဲ့ ဘင်္ဂလာဒေခ်ျ့က နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီတို့ တပ်သား သုံးယောက် ကိစ္စ အကြိမ်ကြိမ် အစည်းအဝေး ထိုင်ခဲ့ကြပါပြီ။ မြန်မာဘက်က တောင်းတာလည်း အကြိမ်ကြိမ်ရှိပါပြီ။ ဒါပေမယ့် မရတဲ့ အတွက် နယ်စပ် အခြေအနေက တဖြည်းဖြည်းတင်းမာလာပြီး အခုတော့ ဂိတ်တွေကိုပါ မြန်မာဘက်က စတင် ပိတ်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာဘက်က နယ်စပ် တလျှောက်တွင် တပ်ရင်းများ အခိုင်အမာ ချထားပြီး  အခင်းဖြစ်ပွားရာ ဒေသတွင် အခုအချိန်ထိ စစ်သားများ နေရာယူထားသည်ဟု သိရသည်။
ယခုကဲ့သို့ ပြဿနာ တင်းမာနေချိန်တွင် နစက တပ်ဖွဲ့ဝင် ၂၀ ခန့်သည် နိုဝင်္ဘာလ ၁၇ ရက်နေ့က  နတ်မြစ်ထဲရှိ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ထဲသို့ ၀င်ရောက်ကာ လှေနှစ်စီးဖြင့် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု ဆိုသည်။
ယခု ဖမ်းဆီးမူမှာ နိုဝင်ဘာ ၆ ရက်နေ့က နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်ခံသွားရသော မြန်မာ တပ်သား (၃) ဦး အပေါ် တုန့်ပြန်သည့် အနေဖြင့် ဖမ်းဆီးသည်ဟု ဒေသအတွင်း သတင်း ဖြစ်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
မြန်မာ တပ်သား (၃) ဦးသည် မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် ကပ်ရပ် တည်ရှိသော အောင်သပြေ နစက နယ်မြေ (၁) တွင် လမ်းလုပ်နေရာမှ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးစဉ် အတွင်း ပစ်ခတ်မူ ဖြစ်ပွားသဖြင့် ကျော်ကျော်ထွေးဆိုသည့် စက်ပြင် ဆရာ တစ်ဦး သေဆုံးခဲ့သည်။
နယ်စပ် အခြေအနေ တင်းမားနေသဖြင့် ယနေ့တွင် နစကနှင့် ဘီဂျီဘီ တပ်ဖွဲ့တို့ အကြား နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို မြန်မာဘက်ခြမ်း တောင်ပြိုတွင် ပြုလုပ်ကြမည်ဟု သတင်း ရရှိသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template