Headlines News :
Home » » လက်ပံတောင်းတောင်အရေး ကြားခံဆောင်ရွက်ပေးမည်ဟု ကိုကိုကြီးပြောကြား

လက်ပံတောင်းတောင်အရေး ကြားခံဆောင်ရွက်ပေးမည်ဟု ကိုကိုကြီးပြောကြား

Written By လွင့်မောင်မောင် on Wednesday, December 5, 2012 | 6:31 PM












ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup on 4 Dec, 2012

လက်ပံတောင်းတောင်အရေးကိစ္စ ဆန္ဒပြမှုများနှင့် ပတ်သတ်၍ ဖြေရှင်းရန်မှာ အကောင်းဆုံးဆုံးဖြတ်ချက် ချမှတ်နိုင်မည့် အပိုင်းနှင့် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိပြီး ဥာဏ်အမျှော်အမြင်ကြီးကြီးထားကာ ဖြေရှင်း ရမည်ဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများထံမှ သိရှိရသည်။

“ကျွန်တော်တို့ သုံးသပ်လိုက်တာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဥက္ကဋ္ဌအဖြစ်ပါဝင်နေပြီ ဒါလုံ လောက်တယ်။ ကျွန်တော်တို့အနေနဲ့ ဒေသခံပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ သဘောထားဆန္ဒ တွေကို စုံစမ်းပြီးစုဆောင်းမယ် ။ ကော်မရှင်နဲ့ရော တာဝန်ရှိသူတွေနဲ့ ဆက်စပ်ညှိုနှိုင်းမယ်ဆိုပြီး ကော်မရှင် မှာ မပါဝင်ခဲ့တာပါ”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။

(၈၈)မျိုးဆက်ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင်စစ်ဆေးရေးကော်မရှင်အား ပြန်လည်ဖွဲ့စည်း သည့် ဒီဇင်ဘာလ(၃)ရက်နေ့ ညနေပိုင်း၌ ၄ အချက်(၅)ချက် ပါဝင်သည့် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်၍ ထိုနေ့မှာပင် ဝေဇယန္တာလမ်းရှိ (၈၈) ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေက ကျွန်တော်တို့နဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးတာကို သူတို့က ပိုပြီး တော့ လိုလားပါတယ်။ အဲ့ဒီ အခြေအနေကို အခွင့်လမ်းကောင်းတစ်ခုအနေနဲ့ အသုံးချပြီးတော့ တာဝန်ရှိသူတွေ ရော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် ကောင်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။”ဟု ကိုကိုကြီးက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ကော်မရှင်တွင် မပါဝင်လျှင် ၁၄၄ အမိန့်ထုတ်ထားသည့် နေရာသို့ ၀င်ခွင့်ရရှိမည် မဟုတ်သော်လည်း တာဝန်ရှိသူများထံမှ အချက်အလက်များရယူရန် သဘောတူထားပြီး ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ တွင် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်နေခြင်းသည် လုံလောက်သည်ဟု ယူဆသောကြောင့် ၎င်းတို့ ပါဝင်ခြင်း မရှိကြောင်းကိုလည်း ကိုမင်းကိုနိုင်က ဆိုသည်။ ၎င်းတို့အနေဖြင့် ပြည်သူအသီးသီးကြားမှ အသံများရယူကာ ၎င်းတို့ရရှိသည့် အချက်အလက်များကို ကော်မရှင် သို့ပေးပို့၍ ကော်မရှင်အား ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ပံတောင်းတောင်အရေးကိစ္စ၌ ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် နေပြည်တော်သို့ သွားရောက်ကာ ၀န်ကြီးဦးအောင်မင်းနှင့် တွေဆုံခဲ့ပြီး ကော်မရှင်တွင် ပါဝင်နိုင်ခြင်းမရှိသော်လည်း ကော်မရှင်၏ လုပ်ငန်းစဉ်များ နှင့် အဖြစ်မှန်ပေါ်ပေါက်ရေးအား အတတ်နိုင်ဆုံး ပံ့ပိုးကူညီနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

ကြေးနီစီမံကိန်းအရေးနှင့် ပတ်သတ်၍ ဆန္ဒပြတောင်းဆိုသူများအား ပြန်လည်လွှတ်ပေးရန်၊ ထပ်ပြီးမဖမ်းဆီးရန် စသည့် ကိစ္စများကိုလည်း ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အားလုံးကိုပြန်လည်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ကော်မရှင်ရဲ့ လုပ်ရပ် တွေလည်း ပေါ်လာပါလိမ့်မယ်။ ကော်မရှင်ရဲ့ လုပ်ငန်းလိုအပ်ချက်အရရော တိုင်းပြည်မှာ တကယ် ဖြစ်နေတဲ့ ခက်ခဲအရ ပြည်သူရဲ့သဘောဆန္ဒအရရော ဖမ်းဆီးနေမှုကို လုံးဝရပ်ဆိုင်းဖို့ရယ် ပြန်လွှတ်ပေးဖို့ အတွက်ကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဋ္ဌေးကြွယ်က ဆိုသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template