ရန်ကုန်၊ ဒီဇင်ဘာ ၃
ရပ်ကွက်နှင့် ကျေးရွာ အုပ် ချုပ်ရေးမှူးများအား ယခုလ အတွင်း အသစ်ရွေးချယ်ခန့်ထား သွားမည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာလိုက် ကြောင်း သိ ရသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူက ”ထုတ်ပြန်ကြေ ညာလိုက်တာကို တိုင်းဒေသကြီးနဲ့
ပြည်နယ်အထွေထွေအုပ်ချုပ်ရေး မှူးတွေက ဥပဒေနဲ့အညီ အသေး စိတ်
ဆက်လုပ်သွားကြပါလိမ့် မယ်” ဟု ပြောသည်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ
ပြန်ကြားရေး တာဝန်ခံဦးဝင်းမြိုင် က ”ဒီကိစ္စကို လုပ်နေပါပြီ။ ရွေး
ပြီးတာတွေလည်း ရှိနေ တယ်။ တချို့နေရာတွေ လစ်လပ်တယ်ဆို ရင်
ထပ်ရွေးရမှာပေါ့”ဟု ပြော သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၉ တွင်
ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စု၏ အုပ် ချုပ်ရေးကို ရပ်ရွာမှ ကြည်ညိုလေး
စားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အ ညီ
ခန့်အပ်တာဝန်ပေးဆောင်ရွက် စေရမည်ဟု ပြဋ္ဌာန်းထားသည်။ရပ်ကွက်နှင့် ကျေးရွာ အုပ် ချုပ်ရေးမှူးများအား ယခုလ အတွင်း အသစ်ရွေးချယ်ခန့်ထား သွားမည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာလိုက် ကြောင်း သိ ရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၄င်းတို့ပြည်နယ်အ နေဖြင့် ကျန်ဒေသများနှင့်မတူ သည့်အတွက် လုံခြုံရေးအခြေအ နေပေါ်မူတည်ပြီး လိုအပ်သလို ဆောင်ရွက်သွားမည်ဟု ပြော သည်။ ယခု အစိုးရသစ်လက်ထက် ၌ ရွေးချယ်ခန့်ထားသွားမည့် ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး တို့မှာ လစဉ်ထောက်ပံ့ငွေနှင့် ရုံး အသုံးစရိတ်တို့ကို ရရှိခံစားကြရ မည်ဟုလည်း သိရှိရသည်။ ပြည်ထောင်စုလွှတ်တော်၏ ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် က ပြဋ္ဌာန်းခဲ့သော ရပ်ကွက်သို့ မဟုတ် ကျေး ရွာအုပ်စု အုပ်ချုပ် ရေး ဥပဒေနှင့် ပြည်ထဲရေးဝန် ကြီးဌာန၏ ဇူလိုင်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ရက်ကွက် သို့မဟုတ် ကျေးရွာအုပ် စုအုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပ ဒေနှင့် အညီလုပ်ဆောင်သွားမည် ဟု သိရသည်။