Headlines News :
Home » » လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ရန်ကုန်မြို့တွင် တစ်ရက်တည်းနှစ်နေရာ၌ ကန့်ကွက်ဆန္ဒပြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ရန်ကုန်မြို့တွင် တစ်ရက်တည်းနှစ်နေရာ၌ ကန့်ကွက်ဆန္ဒပြ

Written By လွင့်မောင်မောင် on Thursday, December 6, 2012 | 7:57 PM

ha-6-12-1
သံဃာတော်များ ဒဏ်ရာရရှိသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲကို သံဃာတော် ၁၀ ပါးခန့်နှင့်လူအချို့မှ ယနေ့ (ဒီဇင်ဘာလ ၆ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်မှစတင်ကာ မိနစ် ၂၀ ခန့်ကြာ ဆူးလေဘုရားအား သုံးပတ်ပတ်၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒဏ်ရာရသံဃာတော်များအား ဆေးကုသပေးရေး၊ အကြမ်းဖက်ဖြိုခွဲခဲ့သူများအား အရေးယူပေးရေး၊ လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးတို့ကို တောင်းဆိုခဲ့သည်။
ha-6-12-2
ထို့ပြင် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တာမွေ (ယာယီဈေး) မှစတင်ကာ ယုဇနပလာဇာအထိ လူအင်အား ၃၀ ခန့်သည် ''သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းသူများအား ဖော်ထုတ်အရေးယူပါ'' စသော ဗွီနိုင်းပိုစတာငါးခု ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သူ အများစုမှာ မျက်နှာဖုံးများဝတ်ဆင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းလည်း သိရှိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template