Headlines News :
Home » » ဆန္ဒပြပွဲတွင် ပါဝင်သူများကို တရားဝင်ဖမ်းဝရမ်းနှင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒုတိယရဲမှူးကြီးက ပြောကြား ဝင်ရောက်ဖမ်းဆီး

ဆန္ဒပြပွဲတွင် ပါဝင်သူများကို တရားဝင်ဖမ်းဝရမ်းနှင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒုတိယရဲမှူးကြီးက ပြောကြား ဝင်ရောက်ဖမ်းဆီး

Written By လွင့်မောင်မောင် on Monday, December 3, 2012 | 11:34 AM


ရန်ကုန်၊ ဒီဇင်ဘာ ၂။
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်ကာ ဆန္ဒပြ လမ်းလျှောက်ခဲ့ရာတွင် ပါဝင်သော ကိုမိုးသွေးနှင့် ကိုေ အာင်စိုးတို့အား တရားရုံးမှ တရားဝင်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သက်လွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ပြောကြားသည်။

 “ငါတို့က တရားဝင် ဖမ်းဝရမ်းနဲ့ဖမ်းတာ ပန်းဘဲတန်းတရားရုံးက ရာဇသတ်ကြီး အမှတ် ၃၇၃/၁၂၊ ပုဒ်မ ၅၀၅(ခ) ကျောက်တံတား ရဲစခန်း ရာဇသတ်ကြီး အမှတ်၃၉၂/၁၂ ပုဒမ ၅၀၀နဲ့ ၅၀၅(ခ)တို့အရ ဖမ်းတာပါ”ဟု ဒုတိယရဲမှူးကြီးသက်လွင်က ပြောဆိုကာ ဆန္ဒဖော်ထုတ်လမ်း လျှောက် ရာတွင် ပါဝင်ခဲ့သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရား အနီး၊ ဗာဒံပင်မှတ်တိုင်တွင် ညနေ ၅း၁၅နာရီတွင် ဖမ်းဆီးသွားခဲ့ ခြင်း ဖြစ်သည်။
 

 “ခင်ဗျားတို့ချစ်တဲ့ အမေစု(ဒေါ်အောင်ဆန်းစုကြည်က)က စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာပါနေပြီပဲ။ ခင်ဗျားတို့ အမေစုကို မယုံဘူးလား”ဟု လည်း အဆိုပါပုဂ္ဂိုလ်က ပြောဆိုခဲ့ရာ ဆန္ဒပြသူများဘက်မှ “အမေစုကို ယုံတယ် ခင်ဗျားတို့ကို မယုံတာ”ဟု ပြန်လည်ပြောကြားပြီး ရဲနှင့် ဆန္ဒပြသူများ နှစ်ဖက်ကြားတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သည်။
 ဆုဝေ (မြန်မာ့ခေတ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template