Headlines News :
Home » » တနင်္သာရီမြစ်ဖျားဒေသတွင် ရွှေတုံးရွှေခဲရရှိမှု နည်းပါးလာနေပြီး ရွှေရှာသူများအနေဖြင့် လုပ်ကွက်ပြောင်းလဲလုပ်ကိုင်လာ

တနင်္သာရီမြစ်ဖျားဒေသတွင် ရွှေတုံးရွှေခဲရရှိမှု နည်းပါးလာနေပြီး ရွှေရှာသူများအနေဖြင့် လုပ်ကွက်ပြောင်းလဲလုပ်ကိုင်လာ

Written By လွင့်မောင်မောင် on Thursday, December 6, 2012 | 12:38 AM

o

တနင်္သာရီမြစ်ဖျားဒေသ၊ ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ ဘောလူးချောင်း တစ်လျှောက်တွင် ရွှေတုံးရွှေခဲများ ရရှိမှုကြောင့် ရွှေရှာသူများပြားခဲ့ပြီး ယခုအခါ ရွှေထွက်ရှိမှု နည်းပါးလာသောကြောင့် ရွှေရှာသူများအနေဖြင့်လည်း လုပ်ကွက်ပြောင်းလဲလုပ်ကိုင်လာကြကြောင်း သိရသည်။ ရွှေတုံးရွှေခဲများ ရရှိမှုကြောင့် ဘောလူးချောင်း တစ်လျှောက်တွင် မြန်မာနိုင်ငံအထက်ပိုင်းမှ ရွှေရှာသူများပင် လာရောက်ကာ လုပ်ကိုင်ခဲ့ကြပြီး ပိဿာနှင့်ချီကာ ရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့လက ရွှေထွက်တဲ့ ဘောလူးချောင်း တစ်လျှောက်ကို တိုင်း\ခရိုင်အဆင့် တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးခဲ့ကြပြီး အဲဒီနေရာတစ်လျှောက်မှာ အခုဆိုရင် ရွှေရရှိမှုနည်းလာလို့ လုပ်ကိုင်တဲ့သူတွေ နည်းသွားပြီး လူ ၇၀၀ လောက်နဲ့ ရွှေဆိုင်း ၁၀၀ လောက်ပဲ ကျန်တော့တယ်။ ရွှေတုံးအခဲရရှိမှုလည်း နည်းသွားပြီ” ဟု တနင်္သာရီမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ချောင်းတစ်လျှောက်တွင် ယခင်က ရေပန်းများဖြင့် မြေသားများကိုထိုးချပြီး အနည်များကြားတွင် ရွှေတုံးရွှေခဲများကို ရှာဖွေရရှိခဲ့ကြောင်း သိရသည်။

ဘောလူးချောင်းတစ်လျှောက်တွင် ရွှေရရှိမှု နည်းပါးလာပြီး ဆားငါးကဲ့သို့ ဒေသများဘက်တွင် ရွှေရှာသူများ လုပ်ကွက်ပြောင်း လုပ်ကိုင်လာကြကြောင်း သိရသည်။

“တနင်္သာရီချောင်းဖျားဘက်မှာ ထွက်ရှိနေတဲ့ ရွှေတွေက ရွှေကြောလို့ ပြောလို့မရပါဘူး။ သတ္တုကြောတစ်ခုကနေ ပေါက်ကွဲလွင့်စင်လာတဲ့ ပုံစံမျိုးပါ။ ကုမ္ပဏီတွေအနေနဲ့ စနစ်တကျလုပ်ကိုင်ဖို့ သွားရောက်လေ့လာကြပြီးပြီလို့ သိရတယ်။ ရွှေကြောမဖြစ်နိုင်လို့ စိတ်ဝင်စားမှုမရှိခဲ့ဘူးလို့ သိရတယ်” ဟု သတ္တုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

တနင်္သာရီချောင်းဖျားတစ်လျှောက်တွင် ရွှေထွက်ရှိမှုများကြောင့် သွားရောက်လုပ်ကိုင်သူများနှင့် များပြားနေခဲ့ကာ မြစ်ကြောင်းတစ်လျှောက် ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စည်ရောင်းဝယ်မှုများလည်း တွင်ကျယ်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ : Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template