မင်းပြားမြို့နယ်၊ သေကန်ကျေးရွာနေ (ဘ)ဦးကျောက်စိန်အောင်၏သား ဦးမောင်သိန်းနု (၄၉)နှစ်သည် ၂-၁၂-၂၀၁၂ နေ့ ညနေ (၃း၄၅)နာရီအချိန်တွင် နရမ်းကျေးရွာမှ မိမိကျေးရွာသို့အပြန် လမ်းခရီးတွင်ရှိသည့် စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင်ဆင်နေစဉ်
စမ္ဘလေ(မွတ်ဆလင်)ကျေးရွာမှ ကုလားအယောက်(၂၀)ခန့်သည် တုတ်၊ ဓားများဖြင့် ရောက်ရှိ
လာကာ ဦးမောင်သိန်းနုအား စတင်ခုတ်ဖြတ်သတ်ရာမှ ပြန်လည်ခုခံယင်း ဒဏ်ရာပြင်ထန်စွာရရှိကာ မိမိကျေးရွာသို့ ထွက်ပြေးလွတ်မြောက်လာပြီး ကျေးရွာမှ သက်ဆိုင်ရာလူကြီးများအား
အသိပေးတိုင်ကြားရာမှ ကျေးရွာသူ/သားများမှ မင်းပြားဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ပါသည်။ ဦးမောင်သိန်းနုမှာ ဓါးဒဏ်ရာများကြောင့်
သွေးထွက်မှုအလွန်များပြားနေသဖြင့် သတိကောင်းစွာမရရှိဘဲ မင်းပြားဆေးရုံတွင် အတွင်းလူနာအဖြစ် အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း မျက်မြင်သိရှိရပါသည်။
ထိုဖြစ်ရပ်များသည် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးမည်မျှပင်ချထားသည်ဆိုစေကာမူ ရခိုင်လူမျိုးများအတွက်မူ
လုံခြုံမှုမရှိသဖြင့် မိမိကိုယ်ကို ကာကွယ်ရုံမှတစ်ပါး အခြားမရှိကြောင်း ထိုဖြစ်ရပ်များက မီးမှောင်းထိုးပြနေပါသည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago