
သမ္မတ ဦးသိန်းစိန်ရဲ့ သြစီခရီးစဉ်မှာ မူလကတော့ ကော်ဇော နီ ခင်းပြီး ကြိုဆိုမှုတွေ လုပ်ဖို့ သြစီသတင်း
တွေက ဆိုထားခဲ့တာပါ။ အခုတော့ ဘာကြောင့် အကြောင်းမညီညွတ်သလဲ သေချာ မသိရဘဲ သြစီနဲ့ နယူးဇီလန် ခရီးစဉ်ကို ရွှေ့လိုက်တာပါဘဲ။
အဲဒီ ၂ နိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ပြီးမှသာ ခရီးစဉ် ရက် သတ်မှတ် ကြေငြာသွားမှာဖြစ်တယ်လို့လည်း နိုင်ငံပိုင် သတင်းစဉ်က ဆိုပါတယ်။
