Headlines News :
Home » » တရုတ်ကျေးဇူးလည်းမရှိပါ။တရုတ်ကြီးကိုလည်းမကြောက်ပါ။

တရုတ်ကျေးဇူးလည်းမရှိပါ။တရုတ်ကြီးကိုလည်းမကြောက်ပါ။

Written By လွင့်မောင်မောင် on Thursday, December 6, 2012 | 8:23 PM

တရုတ်ကျေးဇူးအထူးသိတတ်သူ-ဦးအောင်မင်း
ဖိုးဇော်(ထားဝယ်)-ရေးသည်။
ခုတစ်လောခရီးဆက်တွေများနေတာနဲ့.ဗီဒီယိုကလစ်လေးတွေကြည့်ဖို့ လွတ်လွတ်သွားတယ်။ခရီးသွားတိုင်းပါတတ်တဲ့ရေဒီယိုလေးကိုလည်းကား ပေါ်မှာသိပ်နားမထောင်ဖြစ်တာနဲ့ သတင်းတွေလွတ်သွားတာမျိုးလည်းရှိပါတယ်။

ဂျာနယ်စာမျက်နှာတွေပေါ်မှာ ၀န်ကြီးဦးအောင်မင်းပြောတဲ့တရုတ်နဲ့ပတ်သက်တဲ့မှတ်ချက်စကားကိုဖတ်ရ တယ်။မနေ့ညကမှ ဦးအောင်မင်း၊ဦးလှမောင်ရွှေတို့ လက်ပံတောင်းတောင် သပိတ်စခန်းကအဖွဲ့တွေနဲ့တွေ့ဆုံတဲ့ ဗီဒီယိုကလစ်ကိုကြည့်ဖြစ်တော့ တော်တော်လေးကိုစိတ်ပျက်ရတယ်။

“တရုတ်ကိုကြောက်နေရတယ်” ဆိုပဲ။
တရုတ်ကျေးဇူးရှိတယ် ဆိုပဲ။
၈၈ တိုင်းပြည်ပျက်တုန်းက မူဆယ်လမ်းကြောင်းကနေပစ္စည်းတွေသွင်းပြီးကူညီထား..ဆိုပဲ။ဗကပ ချုပ်ငြိမ်းအောင်လည်းကူညီထား ဆိုပဲ....။
ကျေးဇူးတွေ..ကျေးဇူးတွေ...။
သိတတ်လိုက်တာ..။ဦးအောင်မင်းတို့ကျေးဇူးသိတတ်လိုက်ပုံများ...မြန်မာ့ တပ်မတော်အတွက်တောင်ရှက်စရာကောင်းသေးတော့....။
ဗကပ ပြိုကွဲသွားတာ..တရုတ်ကူညီလို့သာပဲပေါ့နော်...။နို့မို့ဆို...ဒီတပ်မတော်မျိုးနဲ့ .....။
ကျွန်တော်တို့ကတော့ တရုတ်ကိုမကြောက်ပါ ဦးအောင်မင်းခင်ဗျား။ တရုတ်နဲ့လည်းဘာကျေးဇူးခံ၊ကျေးဇူးစားမရှိပါ။၈၈ အရေးခင်းတုန်းကလည်း ဆန်ပြတ်တော့ သူငယ်ချင်းရွာကနေလာပေးတာပါ။ဒီသူငယ်ချင်းရဲ့ကျေးဇူးပဲ ရှိပါတယ်..ဟဲ..ဟဲ။

ဒီတုန်းက တရုတ်ကြီးကျွေးထားတာ စားထားတဲ့သူတွေသာ..တိုင်းပြည်သံယံဇာတကိုလက်သိပ်ထိုးရောင်းတဲ့ အထိကျေးဇူးဆပ်နေကြတာလေ...
မြန်မာတွေမှာဆိုရိုးစကားရှိတယ်မဟုတ်လား။တစ်လုတ်စားဖူး..သူ့ကျေးဇူးတဲ့..။ကျွန်တော်တို့ကမစားဖူးတော့ ကျေးဇူးမသိပါ။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ကြောင်းပါ။

ပြန်ပြောရရင်..တရုတ်ကြီးရဲ့ကျေးဇူးလည်းမရှိပါ။

တရုတ်ကျွေးတာကိုလည်းမစားဖူးပါ။

ဒါကြောင့်တရုတ်ကြီးကိုလည်းမကြောက်ပါ..ဦးအောင်မင်းခင်ဗျား။

 ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template