Headlines News :
Home » » လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ မူဝါဒမပြောင်းလဲနိုင်သော်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်မှုရှိနိုင်ဟုဆို

လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ မူဝါဒမပြောင်းလဲနိုင်သော်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်မှုရှိနိုင်ဟုဆို

Written By လွင့်မောင်မောင် on Friday, December 7, 2012 | 4:02 PM

 thn-7-12-1
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ မပြောင်းလဲနိုင်သော်လည်း တရုတ်ကုမ္ပဏီများ၏ ဆက်လက် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်းမီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
''တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒ လုံးဝ အပြောင်းအလဲမရှိပါဘူး။ မြန်မာနိုင်ငံအခက် အခဲရှိရင်လည်း မိတ်ဆွေလိုပဲ သဘောထားပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းရပ်လိုက်လည်း တရုတ်အစိုးရ ပေါ်လစီ မပြောင်းနိုင်ပါဘူး။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေ ဆက်လက်ရင်းနှီးမြှုပ်နှံမှာလား ဆိုတာတော့ ပြောမရနိုင်ပါဘူး။ ဒါကိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက တရုတ်နိုင်ငံသာမက အခြားနိုင်ငံများမှပါ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ လာရောက်ဆောင်ရွက်ရန် ကောင်းမွန်တည်ငြိမ်သည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် လိုအပ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ လာရောက်ပြုလုပ်သော စီမံကိန်းများမှာ ပွင့်လင်းမြင်သာမှု အားနည်းနေသည်ဟု နိုင်ငံအတွင်း ဝေဖန်မှုများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ၎င်းက မြန်မာ အစိုးရ ဥပဒေအရ ပွင့်လင်းစေဖို့ လိုအပ်သည့် ကိစ္စဆိုလျင် ပွင့်လင်းစွာ ပြုလုပ်သွားမည်ဟု ဆိုသည်။
'' ပြည်သူတွေသိတာ ပိုများရင် မှန်ကန်တဲ့ အမြင်ပိုရှိနိုင်ပါတယ်။ နောင်ဆိုရင် တရုတ်ကုမ္ပဏီတွေ အခြားစီမံကိန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူသိသင့်တာတွေ ကို ပြည့်စုံအောင် ကြေညာပေးပါမယ်။ တရုတ်ကုမ္ပဏီတွေ စီးပွားရေး လာရောက်လုပ်ကိုင်တဲ့အခါမှာ နှစ်ဦးနှစ်ဘက် သဘောတူညီပြီးမှ လုပ်တာဖြစ်လို့ မသိစေချင်တာမရှိပါဘူး'' ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
လက်ပံတောင်း၊ ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆနပြမှုများ ဖြစ်ပေါ်နေသဖြင့် ယင်းကိစ္စများကို စုံစမ်းရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
'' ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်နဲ့ အပြည့်အစုံ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ဒီကော်မရှင် ဖွဲ့စည်းတာကိုလည်း ကြိုဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ မပြောချင်တဲ့ လျို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ ဒီကော်မရှင်က မျှတမှန်ကန်တဲ့ အစီရင်ခံစာ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုအစီရင်ခံစာ ထွက်ပေါ်လာရင် လက်မခံစရာ မရှိပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီတူးဖော်မှု စီမံကိန်းကို ယူဂိုစလားဗီးလား၊ ကနေဒါနိုင်ငံများမှ စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ တတိယမြောက် စီမံကိန်းလုပ်ကိုင်သည့် နိုင်ငံသာဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားသွားခဲ့သည်။
ထို့ပြင် ၎င်းက ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများကို နှစ်ဦးနှစ်ဘက် အကျိုးအမြတ် ပြေလည်အောင် ညှိနှိုင်းလျင် ပြေလည်သွားမည်ဟု ထင်ကြောင်း ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ရက် နေ့၊ နံနက် ၃ နာရီက လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းမှုအပေါ် နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် လူပုဂ္ဂိုလ်များက ရှုတ်ချခဲ့ကြသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template