ထိန်းသိမ်းခံရတဲ့ဦးဂမ္ဘီရရဲ့ သတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက သံရုံးတွစ်တာ စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
"ဥပဒေကြောင်းအရ လုပ်ဆောင်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန် မြန်မာအစိုးရကို ကျွန်ုပ်တို့ တိုက်တွန်းသည်" လို့လည်း ရေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း တွေ့ရတဲ့ ရေးသားချက်ပါ။
လူဝတ်မလဲမီ ဇွန်လက တွေ့ရသည့် အရှင် ဂမ္ဘီရ (ဓာတ်ပုံ – Reuters) |
ဦးဂမ္ဘီရကို အစိုးရ ရုတ်တရက် ပြန်ဖမ်း ဆိုတဲ့ ဧရာဝတီသတင်းတပုဒ်မှာ ဖတ်နိုင်ပါတယ်။
သူ့အမည်ရင်းက ကိုညီညီလွင် ဖြစ်ပါတယ်။ ဦးဂမ္ဘီရ ဆိုတဲ့ အမည်ကိုတော့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုမှာ ယူခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သံရုံး တွစ်တာ စာမျက်နှာက ရေးသားချက် |
သို့သော်လည်း သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာ မိသားစုက အာဏာပိုင်တို့ဆီမှာ စုံစမ်းပေမယ့် ပြီးခဲ့တဲ့အင်္ဂါနေ့အထိတော့ မသိရသေးဘူးလို့ VOA မြန်မာပိုင်း ရုပ်သံ အင်တာဗျူးတခုမှာ ဖော်ပြထားပါတယ်။