Headlines News :
Home » » လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီနေ့ လက်ပန်းတောင်းတောင်ဒေသက ၀က်မှေးကျေးရွာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံ

လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီနေ့ လက်ပန်းတောင်းတောင်ဒေသက ၀က်မှေးကျေးရွာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံ

Written By လွင့်မောင်မောင် on Thursday, December 6, 2012 | 8:53 AM



ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီနေ့ လက်ပန်းတောင်းတောင်ဒေသက ၀က်မှေးကျေးရွာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ လိုက်ပါသတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

“၀က်မှေးရွာသူရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဦးဇော်မြင့်ဖေ (စုံစမ်းရေးအဖွဲ့ဝင်ကနေ သူတို့နားလည်ထားတာကတဲ့ ယာမြေလျော်ကြေးတွေပေးပြီးသားမဟုတ်လားလို့ မေးတော့ ရွာသူရွာသားတွေက ယာမြေလျော်ကြေးမဟုတ်ဘူး၊ ၃ နှစ်စာ သီးနှံလျော်ကြေးပါလို့ပြောတော့ ကျုံရွာ ဦးဘိုဌေးက အဲလိုမဟုတ်ဘူး အဲထဲကလည်း ပွင့်လင်းမြင်သာမှုကိုမရှိတာ၊ လျော်ကြေးပေးတုန်းက ချလံစာရွက်၊ ပြေစာစာရွက် ဘာတခုမှမပေးဘဲနဲ့ စက္ကူသေးသေးပေါ်မှာ (ဦးဘိုဌေး- ၃ ဧကအတွက် လျော်ကြေး ၁ ဧကလျှင် ၅ သိန်း ၂ သောင်း) ဆိုပြီး စာလေးနဲ့ပဲ ရရှိကြောင်းဆိုပြီးတော့ ပေးလိုက်တာပဲရှိတယ်။ ဘာမှ တလုံးတပါဒ ရေးထားတာမရှိဘူးဆိုပြီး ထ ပြောပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေယာတွေ လျော်ကြေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာပါ။ ကော်မရှင်မှာ ပါဝင်တဲ့ ၀က်မှေးကျေးရွာသား ဦးအောင်ဇော်ဦးကတော့ လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆန္ဒပြ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွဲခဲ့မှုကို ကျူးလွန်သူတွေကို အရင်ဖော်ထုတ်မယ်လို့ ပြောကြောင်း၊ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“ကိုဇော်ဦးကကျတော့ စုံစမ်းရေးကော်မရှင်မှာ တဦးအပါအ၀င်ဖြစ်လို့ သူက ပထမဆုံး လောလောဆယ်မှာ ကော်မရှင်ကနေ ဆက်လုပ်မှာက ရဟန်းရှင်နဲ့ တောင်သူလယ်သမား ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့အတွက် နှိမ်နင်းမှုကို ဘယ်သူက စေခိုင်းတာလဲ။ စေခိုင်းတဲ့အတိုင်း ပြုလုပ်သူတွေက ဘယ်သူတွေလဲဆိုတာကို ပထမဆုံး အရေးတကြီးဖော်ထုတ်သွားမယ်ဆိုတာကို ရွာသားတွေကို ကတိပေးသွားပါတယ်။”

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၁၆ ဦး အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးအဲဒီအထဲမှာ ဒေသခံ ရွာသား ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။-DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template