Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးမှုကော်မရှင်နှင့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးပြော

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးမှုကော်မရှင်နှင့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးပြော

Written By လွင့်မောင်မောင် on Friday, December 7, 2012 | 12:38 PM

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးမှုကော်မရှင်နှင့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်မရှင်မှ မှန်ကန်သည့်ရလဒ်များ ထွက်လာမည်ဟု ယုံကြည်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မီဒီယာများသို့ ယနေ့ပြောကြားလိုက်သည်။

"တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် အကျိုးရှိမယ်၊ အကြံကောင်းဥာဏ်ကောင်းဖြစ်လာမယ်ဆိုရင် ကော်မရှင်ရဲ့ရလဒ်ကို လက်မခံနိုင်စရာမရှိပါဘူး"ဟု ၎င်းကပြောကြားသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု ရလဒ်သည် စီမံကိန်း ရပ်ဆိုင်းရေးဖြစ်ပါက တရုတ်အစိုးရ၏ သဘောထား မည်သို့ရှိမည်ကို မီဒီယာများက မေးမြန်းရာတွင် သံအမတ်ကြီးက "စုံစမ်းမှုရလဒ်ကို ကြိုပြီးမခန့်မှန်းချင်ပါဘူး။ ရလဒ်ကို ကျွန်တော်တို့စောင့်နေပါတယ်။ အဲဒါထွက်လာမှပဲ ကျွန်တော်တို့ လက်ခံ၊ မခံဆိုတာ အဖြေပေးနိုင်ပါမယ်။ ကော်မရှင်က ပြည်သူကို တာဝန်ကျေတဲ့ ရလဒ်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းမီဒီယာစုစုပေါင်း ၁၅ ခုခန့် တက်ရောက်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template