Headlines News :
Home » »  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်

Written By လွင့်မောင်မောင် on Friday, February 1, 2013 | 9:52 PM

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် ၆/၂၀၁၃ ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနများမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် KIO ဗဟိုကော်မတီမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ကို သိရှိရပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့နေဖြင့်လည်း အများပြည်သူ လိုလားတောင်းတနေသည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု အလေးအနက် ယုံကြည်ထားပါကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား ညီနောင် လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် အခြားသော အဖွဲ့အစည်းများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီလုပ်ဆောင် ကြိုးပမ်းနေမှုများကို အသိအမှတ်ပြု ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်၍ KIO/KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ကြေညာချက်တွင် ပါဝင်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template