Headlines News :
Home » »  လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရမှု နှစ်လပြည့် အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအင်အားစုမှ ဒဏ်ရာရသံဃာတော်များကို ဆွမ်းကပ်

 လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရမှု နှစ်လပြည့် အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအင်အားစုမှ ဒဏ်ရာရသံဃာတော်များကို ဆွမ်းကပ်

Written By လွင့်မောင်မောင် on Tuesday, January 29, 2013 | 6:59 PM

 w1-29-1-5
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု နှစ်လပြည့်အထိမ်းအမှတ်အနေဖြင့် မီးလောင်ဒဏ်ရာရ သံဃာတော်များကို ဒီမိုကရေစီအင်အားစုမှ ဆွမ်းကပ်လှူခြင်းကို ဇန်န၀ါရီ ၂၉ ရက်နေ့ နံနက် ၁၁နာရီအချိန်က ဒဏ်ရာရ သံဃာတော်များ တက်ရောက်ကုသနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားအထူးကုဌာန အရှေ့၌ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရသံဃာတော် သုံးပါးအပါအ၀င် သံဃာတော် ၁၂ပါးအား ဆွမ်းကပ်လှူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရသည့် နှစ်လပြည့် အထိမ်းအမှတ်အနေဖြင့် ယခုလို ဆွမ်းကပ်လှူခြင်းဖြစ်သည်ဟု ဒဏ်ရာရသံဃာတော်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာ ဦးဝိမလက မိန့်ကြားသည်။
''ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့က ပထမတစ်ကြိမ် လုပ်တယ်။ အဲ့ဒီတုန်းကလည်း ခုလိုဆွမ်းကပ်တယ် နောက်ပြီး အလှူငွေပေးအပ်တယ် ခုတစ်ကြိမ်က ဒုတိယတစ်ကြိမ် လုပ်ဖြစ်တာပါ။ဒီမိုကရေစီအင်အားစုတွေ၊ဒီမိုကရေစီ ရေး တက်ကြွလှုပ်ရှားသူတွေက လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု နှစ်လပြည့်အနေနဲ့ ခုလို ဆွမ်းကပ်တာဖြစ်ပါတယ်'' ဟု ဆရာတော်ဦးဝိမလမှ မိန့်ကြားသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သော လက်ပံ တောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုတွင် လူပုဂ္ဂိုလ်နှင့် သံဃာတော် စုစုပေါင်း တစ်ရာကျော်ခန့် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template