Headlines News :
Home » » တပ်မတော်အားကစားကွင်းဖွင့်ပွဲ လေထီးစစ်သည်များ Free Fall ဖြင့် ဂုဏ်ပြု

တပ်မတော်အားကစားကွင်းဖွင့်ပွဲ လေထီးစစ်သည်များ Free Fall ဖြင့် ဂုဏ်ပြု

Written By လွင့်မောင်မောင် on Wednesday, January 30, 2013 | 7:29 AM

 
ဇေယျာသီရိတပ်မတော် အားကစား ကွင်းဖွင့်ပွဲနှင့် ၂၀၁၃ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၂၈ ရက် ညနေ ၃ နာရီခွဲတွင် နေ ပြည်တော်ရှိ ဇေယျာသီရိ တပ်မ တော်အားကစားကွင်း၌ ကျင်းပ ပြုလုပ်သည်။ ဖွင့်ပွဲအခမ်းအနား သို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည် ထောင်စုဝန်ကြီးများနှင့် နေပြည် တော်ကောင်စီအဖွဲ့ဝင်များ၊ ဖိတ် ကြားထားသူများနှင့် အားကစား သမားများ စုစုပေါင်းအင်အား ၂၀၀၀၀ ခန့် တက်ရောက်ခဲ့ကြ သည်။
ဦးစွာပထမ လေထီးဆင်း အရာရှိ/စစ်သည် ၂၀ တို့က အမြင့်ပေ ၈၀၀၀ မှ တပ်မတော် အလံ၊ သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်အလံများ ကိုင်ဆောင်ပြီး အလွတ်လေထီးခုန်(Free Fall) ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုကြသည်။ ထို့နောက် လှံစွပ်ထိုး၊ တိုက်ပွဲဝင် ကိုယ်လက်ကြံ့ခိုင်ရေး၊ လက်နက် ဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး၊ မြန်မာ့ သိုင်း၊ တိုက်ကွမ်ဒိုစွမ်းရည်များ ပြသကြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ““နိုင်ငံတကာ ပြိုင်ပွဲ များတွင် အောင်မြင်မှုများ အကြိမ်ကြိမ်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းများ တွင် တပ်မတော်သားများ အများ အပြားပါဝင်ခဲ့ကြောင်း၊ အထူး သဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်း ကိုယ် လက်အင်္ဂါ အစိတ်အပိုင်းများ စွန့် လွှတ်ခဲ့ကြသည့် တပ်မတော်သား များသည် နိုင်ငံတကာမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆု တံဆိပ်များစွာ ရရှိခဲ့ကြကြောင်း၊ မသန်သော်လည်း စွမ်းသူများဖြစ် ကြောင်း၊ မကြာမီကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးကို အစိမ်းရောင်အားကစားပွဲ၊ သန့် ရှင်းသောအားကစားပွဲ၊ ချစ်ကြည် ရင်းနှီးသော အားကစားပွဲဖြစ်စေ ရန် မဟာဗျူဟာရည်မှန်းချက် ထားရှိ ဆောင်ရွက်လျက်ရှိ ကြောင်း””ဖြင့် ပြောကြားသွား သည်။
၂၀၁၃ ခုနှစ် တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင် ပွဲကို ယနေ့ ဇန်န၀ါရီလ ၂၈ ရက် မှ လာမည့်ဖေဖော်ဝါရီလ ၆ ရက် နေ့အထိ အားကစား ၁၅ မျိုးဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ်ပြီး နေ့ပိုင်းတွင်သာမက ညပိုင်းတွင် ပါ အားကစားပြုလုပ်နိုင်အောင် လျှပ်စစ်မီးဆိုင်းကြီးများ တပ်ဆင် ထားသည်။ ယနေ့ ဖွင့်လှစ်သည့် တပ်မတော်အားကစား ကွင်းကြီး သည် နိုင်ငံတကာဘောလုံးပွဲများ နှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပ နိုင်သည့် ခေတ်မီအားကစား ကွင်းကြီးတစ်ခုဖြစ်သည်။

မောင်ကျော်
ကိုးကား-Sky Net......Hot News Weekly မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template