Headlines News :
Home » » သူပုန်တွေရဲ့ မြောက်ပိုင်းမာလီခြေကုပ်စခန်း ပြင်သစ်သိမ်း

သူပုန်တွေရဲ့ မြောက်ပိုင်းမာလီခြေကုပ်စခန်း ပြင်သစ်သိမ်း

Written By လွင့်မောင်မောင် on Thursday, January 31, 2013 | 8:16 AM

vမာလီနိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ်မစ် သူပုန်တွေကို တိုက်ခိုက်ပေးနေသော ပြင်သစ်တပ်ဖွဲ့ဝင်များ။

ပြင်သစ်တပ်တွေဟာ Kidal မြို့ လေဆိပ်ကို သိမ်းယူလိုက်ပါပြီ။ မနှစ်တုန်းကတည်းက မာလီ မြောက်ပိုင်းကို အစ္စလာမ်မစ်သူပုန်တွေ သိမ်းပိုက်ထားရာမှာ သူပုန်တွေဘက်က လက်လွှတ်လိုက်ရတဲ့ အဓိကကျတဲ့ နောက်ဆုံး နယ်မြေဖြစ်ပါတယ်။

သူတို့တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကို တညလုံး သိမ်းယူထားခဲ့တယ်လို့ ပြင်သစ်တပ်က ပြောပါ တယ်။ Kidal ဒေသ လွှတ်တော်ရဲ့ အကြီးအကဲ Haminy Maiga ကတော့ တပ်ဖွဲ့တွေဟာ လေ ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ရောက်ရှိလာပြီး သူတို့ရောက်ရှိလာချိန်မှာတော့ ဘာမှ အခုအခံ ရင်မဆိုင်ရဘူးလို့ ပြောပါတယ်။

ဘာသာရေးကို အခြေခံမထားတဲ့ Tuareg သူပုန်အဖွဲ့ MNLA ကတော့ သူတို့အနေနဲ့ Kidal မြို့ကို အစ္စလာမ်မစ်သူပုန်တွေ  လက်ထဲက သိမ်းယူနိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာထား ပါတယ်။ MNLA တပ်တွေဟာ မြို့ပတ်ပတ်လည်မှာရှိနေပြီး အစ္စလာမ်မစ်သူပုန်တွေကတော့ အနီးအနား ကျေးရွာတွေကို ရှောင်ပြေးနေတယ်လို့ Maiga က ပြောပါတယ်။

ဒီ အတောအတွင်းမှာပဲ Timbuktu မြို့မှာရှိတဲ့ ရှေးဟောင်း ပေပုရပိုဒ်တွေ အတော်များများ လုံလုံခြုံခြုံရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အစောပိုင်းတုန်းက အဲဒီမြို့ကို သူပုန်တွေ သိမ်းထားစဉ်က ပေပုရပိုဒ်အတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template