Headlines News :
Home » » မတရားမှုကို မတရားမှုအဖြစ် သမိုင်းမှတ်တမ်းတင်ဖို့ လိုပါတယ်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ပြောကြား

မတရားမှုကို မတရားမှုအဖြစ် သမိုင်းမှတ်တမ်းတင်ဖို့ လိုပါတယ်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ပြောကြား

Written By လွင့်မောင်မောင် on Friday, February 1, 2013 | 11:52 PM

 Photo: မတရားမှုကို မတရားမှုအဖြစ် သမိုင်းမှတ်တမ်းတင်ဖို့ လိုပါတယ်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ပြောကြား

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁။

“သမိုင်းဟာ သမိုင်းအဖြစ်၊ မတရားမှုဟာ မတရားမှုအဖြစ် မှတ်တမ်းတင်ထားဖို့ လိုပါတယ်” ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ၂၀၁၃ခုနှစ်
ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သော ၁၉၈၉ခုနှစ် သာယာဝတီ အကျဉ်းထောင် 
Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားတွင်
ပြောကြားသည်။

၁၉၈၈ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်
အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ရသော
 နိုင်ငံရေးအကျဉ်းသား များမှာ နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်း
ပမ်းမှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရကြောင်း၊ ၁၉၈၉ ထောင် တွင်းတိုက်ပွဲဆိုသည်မှာ ၁၉၈၉ ခုနှစ် ရန်ကုန် အင်းစိန်အကျဉ်း
ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို သာယာဝတီ
ထောင်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် ယင်းထောင်သို့
ပြောင်းရွှေ့လာသော နိုင်ငံရေးကျောင်းသားလူငယ် ၈၃ ဦးနှင့် ယခင်သာယာဝတီထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးတို့၏
ထောင်တွင်း အလုပ် စေခိုင်းမှုအား လက်မခံဆန့်ကျင်ကြောင်း၊
ထောင်တွင်းအကြမ်း ဖက် ရိုက်နှက်ညှင်းပန်းမှုများ ရပ်တန့်ပေး ရန် တောင်းဆိုမှုများကြောင့်  ဖြစ်ပေါ် လာသော တိုက်ပွဲတစ်ခု
ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ဒီနေ့ ဒီအဖြစ်အပျက်တွေကို ပြန်ပြောနေတာဟာ လက်စား
ချေဖို့ မဟုတ်ဘူး၊ မေ့နိုင်ဖို့ ခွင့်လွှတ်ဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်၊  ဒါပေမယ့် ကျွန်တော်တို့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မယ်၊ မေ့နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး၊ အပြောင်းအလဲကို သွားနေတဲ့ခေါင်းဆောင်တွေ ဒါကိုသိဖို့လိုပါတယ်၊ အသစ်ကို
ပြောင်းချင်ရင် အဟောင်းကနေ သင်ခန်းစာယူဖို့လိုပါတယ်” ဟု မန္တလေးအကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရင်း အသက် ဆုံးရှုံးသွားသူတစ်ဦး၏ အကိုဖြစ်သူ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုပြုံးချိုက ပြောကြားသည်။

“ဒီပွဲဟာ ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြလိုက်တဲ့ပွဲ၊
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါလွန်းတဲ့ အခမ်းအနားတစ်ခု လည်း ဖြစ်တယ်၊ စစ်အာဏာရှင်လက်
ထက်က သာယာဝတီမှာ ငရဲပျက်ခဲ့ရတဲ့ ထောင်တွင်းတိုက်ပွဲတွေ၊
မြင်းခြံမှာ ဖြစ်ခဲ့တဲ့ ထောင်တွင်း လူ သတ်မှုတွေ၊ သရက်ထောင်မှာ 
နံရိုးတွေ၊ သွားတွေကျိုးအောင် မျက်လုံးတွေ ကျွတ်ထွက်တဲ့အထိ
အောင် ရိုက်နှက်ခံခဲ့ရသူတွေ ရှိပါတယ်၊ အမှောင်ခေတ်ကြီး
တစ်ခေတ်မှာ ဒီလောက်တောင် ဆိုးရွားလှပါလား၊ မတရားမှု
ဟာ ရှက်ဖို့ကောင်းပါလားဆိုတာ မျိုးဆက်သစ်တွေကို သိစေ 
ချင်တယ်” ဟု ကိုဌေးကြွယ်က ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ရွှေတွံတေးဆရာတော် ဦးဝါယမမှ အဖွင့်အမှာစကားပြောကြားခဲ့ပီး ကိုမင်းကိုနိုင် အပါအဝင် (၈၈)ကျောင်းသားများ၊ တွေ့ကြုံခံစားခဲ့ရသူများ၊ မိသားစုဝင်များ၊ ပရိတ်သတ်(၁၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထောင်ကျစဉ်ကာလများတွင် လူဆိုးဂိုဏ်းတစ်ဂိုဏ်းသို့
ရောက်ရှိသွားသလို ၀ိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း၊ 
ဥပဒေဆိုသည်မှာ  ဘာမှန်းပင် မသိခဲ့ရကြောင်း၊  မြန်မာနိုင်ငံ
ပြုပြင်ပြောင်းလဲရေးအတွက် မည်မျှထိ ပေးဆပ်ခဲ့ရသည်ဆိုတာကို မျိုးဆက်သစ်တို့ သိစေချင်ကြောင်း၊ ဤမျှလောက် ဆိုးရွားသော အဖြစ်အပျက်များ ရှိခဲ့သည်ကို မရှက်မကြောက်ဘဲ သမိုင်း မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း ယင်းက ဆက်လက်
ပြောကြားသည်။

သာယာဝတီထောင်သည်  ခေတ်အဆက်ဆက် နာမည်ဆိုးနှင့်
ကျော်ကြားခဲ့သည့် အကျဉ်းထောင်ဖြစ်ပြီး ကိုလိုနီခေတ်နယ်ချဲ့
တော်လှန်ရေး ကာလတွေမှာ မြန်မာသူရဲကောင်းတွေကို ဖိနှိပ်အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့သည့်နေရာ ဖြစ်ကာ 
(၁၉၂၈)ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။ 
 
ရည်မွန်
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁။
“သမိုင်းဟာ သမိုင်းအဖြစ်၊ မတရားမှုဟာ မတရားမှုအဖြစ် မှတ်တမ်းတင်ထားဖို့ လိုပါတယ်” ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သော ၁၉၈၉ခုနှစ် သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။ ၁၉၈၈ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင် အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား များမှာ နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်း ပမ်းမှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရကြောင်း၊ ၁၉၈၉ ထောင် တွင်းတိုက်ပွဲဆိုသည်မှာ ၁၉၈၉ ခုနှစ် ရန်ကုန် အင်းစိန်အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို သာယာဝတီ ထောင်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် ယင်းထောင်သို့ ပြောင်းရွှေ့လာသော နိုင်ငံရေးကျောင်းသားလူငယ် ၈၃ ဦးနှင့် ယခင်သာယာဝတီထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးတို့၏ ထောင်တွင်း အလုပ် စေခိုင်းမှုအား လက်မခံဆန့်ကျင်ကြောင်း၊ ထောင်တွင်းအကြမ်း ဖက် ရိုက်နှက်ညှင်းပန်းမှုများ ရပ်တန့်ပေး ရန် တောင်းဆိုမှုများကြောင့် ဖြစ်ပေါ် လာသော တိုက်ပွဲတစ်ခု ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

 “ဒီနေ့ ဒီအဖြစ်အပျက်တွေကို ပြန်ပြောနေတာဟာ လက်စား ချေဖို့ မဟုတ်ဘူး၊ မေ့နိုင်ဖို့ ခွင့်လွှတ်ဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မယ်၊ မေ့နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး၊ အပြောင်းအလဲကို သွားနေတဲ့ခေါင်းဆောင်တွေ ဒါကိုသိဖို့လိုပါတယ်၊ အသစ်ကို ပြောင်းချင်ရင် အဟောင်းကနေ သင်ခန်းစာယူဖို့လိုပါတယ်” ဟု မန္တလေးအကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရင်း အသက် ဆုံးရှုံးသွားသူတစ်ဦး၏ အကိုဖြစ်သူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောကြားသည်။

“ဒီပွဲဟာ ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြလိုက်တဲ့ပွဲ၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါလွန်းတဲ့ အခမ်းအနားတစ်ခု လည်း ဖြစ်တယ်၊ စစ်အာဏာရှင်လက် ထက်က သာယာဝတီမှာ ငရဲပျက်ခဲ့ရတဲ့ ထောင်တွင်းတိုက်ပွဲတွေ၊ မြင်းခြံမှာ ဖြစ်ခဲ့တဲ့ ထောင်တွင်း လူ သတ်မှုတွေ၊ သရက်ထောင်မှာ နံရိုးတွေ၊ သွားတွေကျိုးအောင် မျက်လုံးတွေ ကျွတ်ထွက်တဲ့အထိ အောင် ရိုက်နှက်ခံခဲ့ရသူတွေ ရှိပါတယ်၊ အမှောင်ခေတ်ကြီး တစ်ခေတ်မှာ ဒီလောက်တောင် ဆိုးရွားလှပါလား၊ မတရားမှု ဟာ ရှက်ဖို့ကောင်းပါလားဆိုတာ မျိုးဆက်သစ်တွေကို သိစေ ချင်တယ်” ဟု ကိုဌေးကြွယ်က ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ရွှေတွံတေးဆရာတော် ဦးဝါယမမှ အဖွင့်အမှာစကားပြောကြားခဲ့ပီး ကိုမင်းကိုနိုင် အပါအဝင် (၈၈)ကျောင်းသားများ၊ တွေ့ကြုံခံစားခဲ့ရသူများ၊ မိသားစုဝင်များ၊ ပရိတ်သတ်(၁၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ထောင်ကျစဉ်ကာလများတွင် လူဆိုးဂိုဏ်းတစ်ဂိုဏ်းသို့ ရောက်ရှိသွားသလို ၀ိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း၊ ဥပဒေဆိုသည်မှာ ဘာမှန်းပင် မသိခဲ့ရကြောင်း၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် မည်မျှထိ ပေးဆပ်ခဲ့ရသည်ဆိုတာကို မျိုးဆက်သစ်တို့ သိစေချင်ကြောင်း၊ ဤမျှလောက် ဆိုးရွားသော အဖြစ်အပျက်များ ရှိခဲ့သည်ကို မရှက်မကြောက်ဘဲ သမိုင်း မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။
 သာယာဝတီထောင်သည် ခေတ်အဆက်ဆက် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် အကျဉ်းထောင်ဖြစ်ပြီး ကိုလိုနီခေတ်နယ်ချဲ့ တော်လှန်ရေး ကာလတွေမှာ မြန်မာသူရဲကောင်းတွေကို ဖိနှိပ်အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့သည့်နေရာ ဖြစ်ကာ (၁၉၂၈)ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။
 ရည်မွန်(Myanma Age)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template