ဒီမိုကရေစီ နိုင်ငံကောင်း ဖြစ်လာဖို့အတွက် ကောင်းမွန်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိဖို့ လိုအပ်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကိုနီမှ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီမှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ အတွင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများ ဦးဆောင် ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆွေးနွေးပွဲမှာ ပြောဆို သွားပါတယ်။ ဒီဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲရန် သင့်မသင့်ကို သူကဦးဆောင် ဆွေးနွေး ခဲ့ပါတယ်။
Burmr VJ Media