Headlines News :
Home » » ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေါ်အောင်စုကြည်သည်လည်း ၀င်ရောက်ကူညီနိုင်ကြောင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ပြောကြား

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေါ်အောင်စုကြည်သည်လည်း ၀င်ရောက်ကူညီနိုင်ကြောင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ပြောကြား

Written By လွင့်မောင်မောင် on Sunday, January 27, 2013 | 5:24 PM

Saturday, 26 January 2013
ha-27-1-6
ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့အား တွေ့ရစဉ်
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခအပါအ၀င် ပြည်တွင်းငြိမ်းချမ်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ကူညီနိုင်ကြောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြောကြားခဲ့သည်။             
ဇန်န၀ါရီလ ၂၇ရက်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (Myanmar Peace Center) တွင် အရပ်ဘက် အဖွဲ့အစည်း ၄၆ ဖွဲ့နှင့်  ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံစဉ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။  
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများ Myanmar Peace Center တွင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် Myanmar Peace Center နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့က ဖိတ်ခေါ်ခဲ့သည်။          
ha-27-1-7
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးနေသည်ကိုတွေ့ရစဉ်
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံတော်သမ္မတကြီးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံအပြီးမှာ သက်ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးတွေက ဒီအဖွဲ့တွေနဲ့ အသေးစိတ်တွေ့ဆုံရင် ပိုကောင်းတယ်လို့ သမ္မတကြီးက လမ်းညွှန်ခဲ့ပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်တဲ့အခါ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်တဲ့အခါ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ ဒိုင်အဖွဲ့တွေ လိုပါတယ်။ အဲဒီဒိုင်အဖွဲ့ဆိုတာက ပြည်သူကိုကိုယ်စားပြုတဲ့ NGO တွေ လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အခါ အားလုံးဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုပါပြီ။ NGO တွေ အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ" ဟု ပြောကြားခဲ့သည်။              
"အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းကူပေးပါလို့ သမ္မတကြီးကလည်း ပြောထားပြီးသားပါ။ သူ့အနေနဲ့ ကူချင်တဲ့အခန်းကဏ္ဍကနေ ၀င်ကူလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီးသားပါ။ သူပါလာရင် ကျွန်တော်တို့က ၀မ်းသာပါတယ်။ တစ်နေ့ပါဝင်လာမှာ ဖြစ်ပါတယ်။ သူနဲ့ကျွန်တော်တို့ နီးနီးကပ်ကပ် ဆောင်ရွက်ပါတယ်။ သူကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ကိုကြည့်ရတာ ပင်လည်းပင်ပန်းပါတယ်။ လက်ပံတောင်းတောင် ကိစ္စလည်း သူကကိုင်ထား။ သူ့ပါတီ ညီလာခံကြီးလည်း လုပ်အုံးမယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တချိန်ချိန်တော့ ပါလာမှာဖြစ်တယ်လို့ ပြောချင်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက်ပြောကြားခဲ့ပါသည်။    
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အရပ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့အစည်း ၂၁ ခုတို့မှ ကိုယ်စားလှယ်များက ကချင်ပြည်နယ်နှင့် ပတ်သက်သည့် မေးခွန်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများ မည်သို့ပါဝင်ရမည်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ပတ်သက်သည့် မေးခွန်းများနှင့် လူမှုအဖွဲ့အစည်းများ၏ လိုအပ်ချက်များ စသည်ဖြင့် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့မှ ပြန်လည်ဖြေကြားပေးခဲ့သည်။            
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဇန်န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ လွှတ်တော်အဆောက်အဦတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ခေါင်းဆောင်များ သက်သက်လက်မှတ်ရေးထိုးရုံ၊ လက်ဆွဲနှုတ်ဆက်ရုံနှင့် မလုံလောက်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်စေရန် လူထုလည်း ပါဝင်ရန်လိုကြောင်း ပြောကြားခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template