Headlines News :
ENGLISH
ဗေဒင်မှတ်စုနှင့်သင်ခန်းစာ
Goggle +
Contact on Facebook
Contact on Twitter
စာကြည့်တိုက်
ကဗျာ
ရုပ်ရှင်၊ဂီတ
Music
Movie
Television
WEB PLAZA
လွင့်မောင်မောင် ၏ Diary
ထားဝယ်သမိုင်း၊ထားဝယ်ယဉ်ကျေးမှု
ဆေးနှင့်ကျန်းမာရေး.
Sub Menu 3
Sub Menu 4
Sub Menu 5
Reference Exchange Rate ( မြန်မာငွေ လဲနှုန်း)
မြန်မာနိုင်ငံမြို့ကြီးများ၏နေ့စဉ်မိုးလေ၀သ
MRTV
Live Show
MRTV 4
mntv
5 Plus
SKY NET
Channel 7
12 August 2019
အစိုးရနဲ့ ဆွေးနွေးပွဲ ယာယီရပ်ထားတဲ့ သဘောထားကို KNU ဖြေလျှော့
11 August 2019
တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ လက်ကီမာတိုင်ဖွန်း မုန်တိုင်း ဝင်ရောက်ပြီးနောက် မြေပြိုမှုဖြစ်ပွားရာ လူ ၁၈ ဦးသေဆုံးပြီး များစွာပျောက်ဆုံးနေေ
21 March 2018
"နိုင်ငံတော်သမ္မတဦးထင်ကျော် ကျန်းမာရေးအရ ရာထူးကနုတ်ထွက်"
18 January 2018
ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းအား မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သိရ
27 September 2019
ထားဝယ်တိုင်းရင်းသားများပါတီ၏ အလံ နှင့် တံဆိပ် ပြောင်းလဲမှု (၇) ရက်အတွင်း ကန့်ကွက် နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ
03 September 2019
LIVE: Hurricane Dorian Coverage, top stories
02 September 2019
Hurricane Dorian Bahamas သို့သင်ရောက်တိုက်ခတ်ပြီ
18 August 2019
တနင်္သာရီတိုင်း NLD ဥက္ကဌ ဦးအောင်စိုး၏ ပါတီမှနှုတ်ထွက်စာ ကို NLD ဗဟိုကော်မတီကလက်ခံလိုက်ပြီ
17 August 2019
Tropical Storm 11W (Krosa) Warning #42Final Warning
15 August 2019
ပြင်းထန်သောအပူပိုင်းမုန်တိုင်း Krosa ဂျပန်နိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခတ်
12 August 2019
ဟောင်ကောင်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ လေဆိပ်ထဲ စီးနင်း နေရာယူထားလို့ လေယာဉ်ခရီးစဉ်တွေ ဆိုင်းငံ့
12 August 2019
အိဒ်ပွဲတော်ကာလ ဘုရားကျောင်းတောင်ကုန်းတွင် မွတ်စလင်ဝတ်ပြုသူများနှင့် အစ္စရေးတပ်ဖွဲ့ဝင်များ ရုန့်ရင်းဆန်ခတ် ဖြစ်ပွား။
12 August 2019
အစိုးရနဲ့ ဆွေးနွေးပွဲ ယာယီရပ်ထားတဲ့ သဘောထားကို KNU ဖြေလျှော့
11 August 2019
တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ လက်ကီမာတိုင်ဖွန်း မုန်တိုင်း ဝင်ရောက်ပြီးနောက် မြေပြိုမှုဖြစ်ပွားရာ လူ ၁၈ ဦးသေဆုံးပြီး များစွာပျောက်ဆုံးနေေ
21 March 2018
"နိုင်ငံတော်သမ္မတဦးထင်ကျော် ကျန်းမာရေးအရ ရာထူးကနုတ်ထွက်"
18 January 2018
ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းအား မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သိရ
27 September 2019
ထားဝယ်တိုင်းရင်းသားများပါတီ၏ အလံ နှင့် တံဆိပ် ပြောင်းလဲမှု (၇) ရက်အတွင်း ကန့်ကွက် နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ
03 September 2019
LIVE: Hurricane Dorian Coverage, top stories
02 September 2019
Hurricane Dorian Bahamas သို့သင်ရောက်တိုက်ခတ်ပြီ
18 August 2019
တနင်္သာရီတိုင်း NLD ဥက္ကဌ ဦးအောင်စိုး၏ ပါတီမှနှုတ်ထွက်စာ ကို NLD ဗဟိုကော်မတီကလက်ခံလိုက်ပြီ
skip to main
|
skip to sidebar
Home
»
မိန့်ခွန်း
» ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း
Written By လွင့်မောင်မောင် on Friday, February 1, 2013 | 11:32 AM
(၁ - ၂ - ၂၀၁၃)
မိဘပြည်သူများခင်ဗျား-
နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့်သင့်တိုင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့အတိုင်း ယခုလို ဆက်သွယ်ပြောကြားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ် နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကတစ်ဆင့် အောက်ခြေအဆင့် ပြည်သူလူထုအားလုံးအထိ သက်ရောက်မှုရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာ ချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို စတင်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ လက်ရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကဲ့သို့ နိုင်ငံတကာဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင်ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင် အာရှနိုင်ငံများဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ဟာ လည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ (၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ယခုအခါမှာတော့ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတကာ ချေးငွေအကူအညီ အတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော်ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်းကိုလည်း ပြည်သူလူထုကြီးကို ပြောကြားလိုပါတယ်။ ယခုလို အရေးကြီးတဲ့ အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အကူအညီများကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ နိုင်ငံတကာ အကူအညီ ချေးငွေများကို ပြန်လည်ရရှိနိုင်ပြီး ဖြစ်ပါတယ်။ ဒီလိုရရှိနိုင်မယ့် သန်းပေါင်း များစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့မှုများဟာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့် အဆင်းရဲဆုံး LDC နိုင်ငံများစာရင်းမှ ရုန်းထွက် နိုင်အောင် ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့ တိုးတက်မှုဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့ အကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံဉာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှု ဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေး နေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူ ပြည်တွင်းပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များပါဝင်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေလည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ်ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံစေမယ့် ကိုယ်ပိုင် အိမ်တစ်လုံးကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ်များမှာလည်း တန်ဖိုးနည်းအိမ်ရာများကို ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ်သားအင်အား အများစုဖြစ်တဲ့ တောင်သူလယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုးစရိတ်အတွက် ပြည့်မီနိုင်ခြင်းမရှိတာကို သတိပြုမိပါတယ်။ တည်ဆဲ ဥပဒေများအရ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက် မိမိတို့ရဲ့ လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများ ချေးယူ စုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။
လယ်ယာလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန်ဖြစ်ပါတယ်။ မိမိတို့ရဲ့ အဓိက ကုန်ထုတ်အရင်းအနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက် လာရန်လည်း မိမိတို့ရဲ့ လယ်မြေများကိုပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့ရဲ့ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက် ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပင် လယ်ယာကဏ္ဍကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ တိုးတက်စေမယ့် ခေတ်မီလယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေနဲ့ ပြည်သူလူထု အားလုံးက ကဏ္ဍအသီးသီးကနေ အားလုံး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဆိုတာ ငြင်းလို့မရပါဘူး။ ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ အသိအမြင် ကြွယ်ဝတဲ့ ပြည်သူ လူထု တစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ ပေါ်ပေါက်လာဖို့လည်း အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပြန်လည်အားကောင်းလာဖို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော့်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ်လာစေဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။ ၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနဲ့လည်း စားပွဲဝိုင်း ဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေကနေ အစပြုပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေပါဝင်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင်စေဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထားဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင် လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်းသို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်းတည်ဆောက်လျက်ရှိတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ်ရှလွယ် အဆင့်ကို ရောက်ရှိနေ ပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင်ကြိုးပမ်း လုပ်ဆောင်နေသူများနဲ့ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ တညီတညွတ်တည်း သဘောထားကြီးကြီးနဲ့ ရုန်းကန်လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှားအောင်မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက် ပြောကြားလိုပါတယ်။
နိဂုံးချုပ် အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းခြောက်ဆယ်ကျော် ကာလအတွင်းမှာ မရဖူးသေးတဲ့ အခွင့်အလမ်း တွေကိုလည်း ရရှိနေပါတယ်။ ပြည်သူတစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်းကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုးသားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်နှိုးဆွပြီး ပြည်သူ တစ်ဦးချင်းစီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ် အပ်တယ်။
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။
http://m.president-office.gov.mm/zg/briefing-room/news/2013/02/01/id-2536 မှ တိုက်ရိုက်
ကူးယူဖော်ပြပါသည်။
Share this article
:
Related articles
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း
သမ္မတရဲ့ ဖေဖော်ဝါရီ မိန့်ခွန်းအပေါ် အမြင်တချို့
ထားဝယ်တိုင်းရင်းသားများပါတီ ရုံးဖွင့်ပွဲတွင် ပါတီ အလုပ်မှုဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်း ပြောကြားသည့် နှုတ်ခွန်းဆက်စကား အပြည့်အစုံ နှင့် မှတ်တမ်းဓာတ်ပုံများ
သမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီ မိန့်ခွန်း
ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ် မိန့် ခွန်း အပြည့်အစုံ (အသံဖိုင်)
ငြိမ်းချမ်းရေးမှာ အပစ်အခတ်ရပ်စဲရေးနဲ့ မလုံလောက်ဘူးလို့ ဦးသိန်းစိန်ပြော ( အောက်တိုဘာလ ၁ရက်မိန့်ခွန်းအပြည့်အစုံ)
Newer Post
Older Post
Home
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
►
2019
(10)
►
09/22 - 09/29
(1)
►
09/01 - 09/08
(2)
►
08/18 - 08/25
(1)
►
08/11 - 08/18
(6)
►
2018
(5)
►
03/18 - 03/25
(1)
►
01/14 - 01/21
(4)
►
2017
(110)
►
09/17 - 09/24
(1)
►
09/10 - 09/17
(8)
►
09/03 - 09/10
(5)
►
08/27 - 09/03
(26)
►
08/20 - 08/27
(5)
►
08/13 - 08/20
(28)
►
06/11 - 06/18
(2)
►
04/30 - 05/07
(6)
►
04/23 - 04/30
(29)
►
2016
(1136)
►
10/30 - 11/06
(5)
►
10/23 - 10/30
(1)
►
09/25 - 10/02
(2)
►
09/11 - 09/18
(5)
►
09/04 - 09/11
(2)
►
08/28 - 09/04
(3)
►
08/21 - 08/28
(6)
►
08/14 - 08/21
(3)
►
07/24 - 07/31
(9)
►
07/17 - 07/24
(4)
►
07/10 - 07/17
(23)
►
07/03 - 07/10
(14)
►
06/26 - 07/03
(6)
►
06/12 - 06/19
(10)
►
05/29 - 06/05
(28)
►
05/22 - 05/29
(9)
►
05/15 - 05/22
(17)
►
05/08 - 05/15
(40)
►
05/01 - 05/08
(43)
►
04/24 - 05/01
(37)
►
04/17 - 04/24
(42)
►
04/10 - 04/17
(26)
►
04/03 - 04/10
(69)
►
03/27 - 04/03
(74)
►
03/20 - 03/27
(65)
►
03/13 - 03/20
(47)
►
03/06 - 03/13
(58)
►
02/28 - 03/06
(52)
►
02/21 - 02/28
(51)
►
02/14 - 02/21
(58)
►
02/07 - 02/14
(68)
►
01/31 - 02/07
(85)
►
01/24 - 01/31
(55)
►
01/17 - 01/24
(40)
►
01/10 - 01/17
(25)
►
01/03 - 01/10
(54)
►
2015
(2792)
►
12/27 - 01/03
(61)
►
12/20 - 12/27
(78)
►
12/13 - 12/20
(73)
►
12/06 - 12/13
(71)
►
11/29 - 12/06
(54)
►
11/22 - 11/29
(19)
►
11/15 - 11/22
(23)
►
11/08 - 11/15
(43)
►
11/01 - 11/08
(28)
►
10/25 - 11/01
(8)
►
10/18 - 10/25
(2)
►
10/11 - 10/18
(6)
►
10/04 - 10/11
(2)
►
09/27 - 10/04
(8)
►
09/13 - 09/20
(9)
►
09/06 - 09/13
(28)
►
08/30 - 09/06
(44)
►
08/23 - 08/30
(72)
►
08/16 - 08/23
(87)
►
08/09 - 08/16
(57)
►
08/02 - 08/09
(63)
►
07/26 - 08/02
(56)
►
07/19 - 07/26
(67)
►
07/12 - 07/19
(28)
►
07/05 - 07/12
(79)
►
06/28 - 07/05
(50)
►
06/21 - 06/28
(56)
►
06/14 - 06/21
(76)
►
06/07 - 06/14
(119)
►
05/31 - 06/07
(66)
►
05/24 - 05/31
(64)
►
05/17 - 05/24
(53)
►
05/10 - 05/17
(60)
►
05/03 - 05/10
(87)
►
04/26 - 05/03
(108)
►
04/19 - 04/26
(115)
►
04/12 - 04/19
(76)
►
04/05 - 04/12
(90)
►
03/29 - 04/05
(28)
►
03/22 - 03/29
(23)
►
03/15 - 03/22
(55)
►
03/08 - 03/15
(124)
►
03/01 - 03/08
(131)
►
02/22 - 03/01
(90)
►
02/15 - 02/22
(47)
►
02/08 - 02/15
(1)
►
02/01 - 02/08
(61)
►
01/25 - 02/01
(64)
►
01/18 - 01/25
(44)
►
01/11 - 01/18
(12)
►
01/04 - 01/11
(26)
►
2014
(1966)
►
12/28 - 01/04
(28)
►
12/21 - 12/28
(28)
►
12/14 - 12/21
(10)
►
12/07 - 12/14
(43)
►
11/30 - 12/07
(43)
►
11/23 - 11/30
(14)
►
11/16 - 11/23
(50)
►
11/09 - 11/16
(77)
►
11/02 - 11/09
(56)
►
10/26 - 11/02
(11)
►
10/19 - 10/26
(37)
►
10/12 - 10/19
(43)
►
10/05 - 10/12
(27)
►
09/28 - 10/05
(53)
►
09/21 - 09/28
(36)
►
09/14 - 09/21
(1)
►
09/07 - 09/14
(22)
►
08/31 - 09/07
(29)
►
08/24 - 08/31
(30)
►
08/17 - 08/24
(24)
►
08/10 - 08/17
(26)
►
08/03 - 08/10
(4)
►
07/27 - 08/03
(83)
►
07/20 - 07/27
(78)
►
07/13 - 07/20
(30)
►
07/06 - 07/13
(47)
►
06/29 - 07/06
(13)
►
06/22 - 06/29
(48)
►
06/15 - 06/22
(91)
►
06/08 - 06/15
(27)
►
06/01 - 06/08
(26)
►
05/25 - 06/01
(31)
►
05/18 - 05/25
(48)
►
05/11 - 05/18
(31)
►
05/04 - 05/11
(12)
►
04/27 - 05/04
(23)
►
04/20 - 04/27
(13)
►
04/13 - 04/20
(60)
►
04/06 - 04/13
(31)
►
03/30 - 04/06
(18)
►
03/23 - 03/30
(19)
►
03/16 - 03/23
(43)
►
03/09 - 03/16
(58)
►
03/02 - 03/09
(36)
►
02/23 - 03/02
(84)
►
02/16 - 02/23
(68)
►
02/09 - 02/16
(69)
►
02/02 - 02/09
(45)
►
01/26 - 02/02
(85)
►
01/19 - 01/26
(38)
►
01/12 - 01/19
(19)
▼
2013
(3646)
►
12/29 - 01/05
(6)
►
12/22 - 12/29
(81)
►
12/15 - 12/22
(105)
►
12/08 - 12/15
(90)
►
12/01 - 12/08
(58)
►
11/24 - 12/01
(58)
►
11/17 - 11/24
(85)
►
11/10 - 11/17
(111)
►
11/03 - 11/10
(118)
►
10/27 - 11/03
(127)
►
10/20 - 10/27
(177)
►
10/13 - 10/20
(189)
►
10/06 - 10/13
(215)
►
09/29 - 10/06
(229)
►
09/22 - 09/29
(100)
►
09/15 - 09/22
(98)
►
09/08 - 09/15
(55)
►
09/01 - 09/08
(74)
►
08/25 - 09/01
(52)
►
08/18 - 08/25
(37)
►
08/11 - 08/18
(31)
►
08/04 - 08/11
(35)
►
07/28 - 08/04
(55)
►
07/21 - 07/28
(43)
►
07/14 - 07/21
(24)
►
07/07 - 07/14
(24)
►
06/30 - 07/07
(25)
►
06/23 - 06/30
(105)
►
06/16 - 06/23
(98)
►
06/09 - 06/16
(122)
►
06/02 - 06/09
(64)
►
05/26 - 06/02
(99)
►
05/19 - 05/26
(100)
►
05/12 - 05/19
(151)
►
05/05 - 05/12
(88)
►
04/28 - 05/05
(62)
►
04/21 - 04/28
(11)
►
04/14 - 04/21
(6)
►
04/07 - 04/14
(6)
►
03/31 - 04/07
(18)
►
03/24 - 03/31
(37)
►
03/17 - 03/24
(60)
►
03/10 - 03/17
(29)
►
03/03 - 03/10
(33)
►
02/24 - 03/03
(3)
►
02/17 - 02/24
(3)
►
02/10 - 02/17
(19)
►
02/03 - 02/10
(46)
▼
01/27 - 02/03
(60)
နည်းပညာ တက္ကသိုလ်များတွင် A.G.T.I အောင်မြင်ပြီး တ...
ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ခ...
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း...
လက်ပံတောင်းတောင် စုံစမ်းရေး ဒေါ်စုအတွက် စိန်ခေါ်မှု
မတရားမှုကို မတရားမှုအဖြစ် သမိုင်းမှတ်တမ်းတင်ဖို့ လို...
ကော်ဘရာဂိုးလ် Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ မြန်...
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ေ...
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြ...
မနက်ဖန် ၁-၂-၂၀၁၃ နေ့ မှာသမ္မတ ဦးသိန်းစိန် ရေဒီယို ...
ဇန္န၀ါရီ ၂၉ ရက်နေ့က အမေရိကန် သံအမတ် ရခိုင်ခေါင်းဆော...
တိုင်ကြား ခံရသည့် အကောက်ခွန် ဝန်ထမ်း ၃၅ ဦး အရေးယူ...
ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ကို သာသနာရေး ဝန်ကြီး ခန်...
ဒေါ်အောင်ဆန်းစုကြည် ဂွမ်းဂျုးလူ့အခွင့်ရေးဆု နှင့် ဂ...
၂၀၁၃ SEA GAMES မှာ တင်းနစ် နဲ့ ကျွမ်းဘား ပယ်ထုတ်
တောင်ကိုရီးယား ဂြိုဟ်တုတစင်း အာကာသထဲလွှတ်တင်
သူပုန်တွေရဲ့ မြောက်ပိုင်းမာလီခြေကုပ်စခန်း ပြင်သစ်သ...
ဘင်္ဂလားဒေ့ရှ်ဖက်က ကူးပြောင်းအခြေချသူ ရခိုင်နဲ့ မာရမ...
ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗ...
နိုင်ငံပိုင် သတင်းစာက ဖြတ်ကပ်ညှပ်ဓာတ်ပုံ ဖော်ပြမှု...
ရေနန်းသဘင်၊ ရွှေမန်းတွင်၊ ငွေငန်းဆင်ခေါင်းစဉ်ဖြင့် ...
ကမ္ဘာ့ဘဏ်အုပ်စုမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်...
လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စား...
7-Eleven သက်သာစတိုးဆိုင်များ မြန်မာပြည်မှာ ဖွင့်မည်
ပုသိမ်ခရိုင် ရွှေသောင်ယံကမ်းခြေတွင် အလျား ၃၆ ပေ၊ လု...
နိုင်ငံပိုင်ငွေ အလွဲသုံးသံသယဖြင့် ဆက်သွယ်ရေး အဆင့်...
“တင်ဒါအသစ်ခေါ်ယူထားသည့် ဆက်သွယ်ရေးအော်ပရေတာတစ်ခု လေ...
တပ်မတော်မှ သိမ်းယူထားသော လယ်ယာမြေများအတွက် ကာလပေ...
အမျိုးသားလွှတ်တော်၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ...
ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီး...
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် နဲ့ ဒေါ်အောင်ဆန်းစြု...
တပ်မတော်အားကစားကွင်းဖွင့်ပွဲ လေထီးစစ်သည်များ Free ...
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအား ပြည်ထောင်စုဝန်ြ...
မြောက်ကိုရီးယားအငတ်ဘေး လူသားစားသည်အထိ ဆိုးရွားလာ
၂၀၁၃ ဖျောင်းချန်း အထူး အိုလံပစ်ဖွင့်ပွဲ အခမ်းအနားတ...
ဒေါ်အောင်ဆန်းစုကြည်၏ ကိုးရီးယားခရီးစဉ် ဒုတိယနေ့
Facebook စာမျက်နှာပေါ်မှ အမေစုချစ်သူများနှင့် အမေစု...
မြန်မာ-တောင်ကိုရီးယား အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေ...
ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြ...
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ...
» ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရမှု နှစ်လြ...
ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့ လိုအပ်
ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံမည်
မောင်တောတွင် အစိုးရ အဆောင်တစ်ခု မီးရှို့ခံရ
Paris Club မြီရှင်အဖွဲ့ မြန်မာကြွေးမြီ တဝက်လျှော်ေ...
လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ...
ဆက်သွယ်ရေး ၀န်ကြီးဟောင်းနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ဥ...
ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား နိုင်ငံသို့ေ...
ထိုင်း-မြန်မာနယ်စပ်ကျောင်းများကို ပညာရေးကွန်ရက်က က...
ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ၊ ဗီဒီယိ...
ယနေ့ (ဇန်န၀ါရီလ ၂၈ ရက်နေ့) တွင် ပြုလုပ်မည့် ပထမအကြ...
နှစ်ဆန်းပိုင်းအတွင်း လိုင်ဇာမြို့အနီး ပထမဆုံးလက်နက...
၂၀၁၅ အစိုးရသစ် အတွက် ပြဿနာများ ထားခဲ့မည် မဟုတ်ဟုသမ...
ကမ္ဘာ့ဘဏ်နဲ့ ADB မြန်မာကို ကြွေးသစ်ပေးမည်
မြန်မာပြည် ငြိမ်းချမ်းသာယာရေး ၀ိုင်းဝန်းကူညီဖို့ေ...
ပဋိပက္ခဖန်တီးသူတွေ အဆုံးသတ်ရဲတဲ့ သတ္တိ ရှိဖို့လို
မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပေါက် သုံးခုမှ ဆိုက်ရောက်ဗ...
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေါ်အောင်စုကြည်သ...
နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင်...
ပြည်တွင်းငြိမ်းချမ်းရေး အဆိုအား တိုင်းရင်းသားလွှတ...
►
01/20 - 01/27
(60)
►
01/13 - 01/20
(34)
►
01/06 - 01/13
(30)
►
2012
(4448)
►
12/30 - 01/06
(68)
►
12/23 - 12/30
(67)
►
12/16 - 12/23
(44)
►
12/09 - 12/16
(38)
►
12/02 - 12/09
(63)
►
11/25 - 12/02
(61)
►
11/18 - 11/25
(69)
►
11/11 - 11/18
(76)
►
11/04 - 11/11
(101)
►
10/28 - 11/04
(45)
►
10/21 - 10/28
(111)
►
10/14 - 10/21
(94)
►
10/07 - 10/14
(123)
►
09/30 - 10/07
(138)
►
09/23 - 09/30
(138)
►
09/16 - 09/23
(178)
►
09/09 - 09/16
(141)
►
09/02 - 09/09
(172)
►
08/26 - 09/02
(163)
►
08/19 - 08/26
(142)
►
08/12 - 08/19
(132)
►
08/05 - 08/12
(184)
►
07/29 - 08/05
(127)
►
07/22 - 07/29
(127)
►
07/15 - 07/22
(184)
►
07/08 - 07/15
(165)
►
07/01 - 07/08
(116)
►
06/24 - 07/01
(181)
►
06/17 - 06/24
(145)
►
06/10 - 06/17
(161)
►
06/03 - 06/10
(169)
►
05/27 - 06/03
(140)
►
05/20 - 05/27
(127)
►
05/13 - 05/20
(120)
►
05/06 - 05/13
(86)
►
04/29 - 05/06
(69)
►
04/22 - 04/29
(84)
►
04/15 - 04/22
(48)
►
04/08 - 04/15
(18)
►
04/01 - 04/08
(33)
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Subscribe via Email
Zawgyi Unicode Font
Download
Total Pageviews
2
3
0
5
4
5
2
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
Get the Flash Player
to see this player.
Icecast Server & Icecast Hosting
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
ကဗျာ
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ ❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿ လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago
လွင့်မောင်မောင် ၏ Diary
အိမ်ထောင်မှုသုခ အပြည့်အဝခံစားနိုင်စေရန် အရေးပါသောဗီတာမင်ဘီ
-
ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ...
8 years ago
TV Live
Party Girls TV
-
9 years ago
ဦအေးမင်း၏ဗေဒင်မှတ်စုများ
-
LWINT MG MG | Movies , Videos and Music
-
Followers
Translate
Popular Posts
My You Tube
Translate
Popular Posts
သမ္မတအသစ် ဦးထင်ကျော်ထံ သမ္မတဦးသိန်းစိန် သဝဏ်လွှာပို့
NCGUB စဉ်ပြိုင်အစိုးရ ဖျက်သိမ်းလိုက်ပြီ
တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုအား လက်မခံနိုင်ကြောင်း တရုတ်ဝမ်ပေါင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi ပြောကြား
"ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော် ပြော"
အမေရိကန် သမ္မတ Obama စီးတဲ့ Air force one အကြောင်းတစေ့တစောင်း
ကချင်ပြည်နယ်မှာ တင်းမာနေဆဲ
အိုကလာဟိုးမား လေဆင် နှာမောင်း လူ ၉ ဦး သေဆုံး
30,6 2012 အမေစုအိမ်ပြန်လမ်းမှာကြိုဆိုကြသူများ(1)
မြန်မာ-အိန္ဒိယနယ်စပ်မှာ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားမှုကြောင့် လုံခြုံရေး တိုးမြှင့်
ဗိုလ်ချုပ်မှုးကြီးဟောင်းက ဖွဲ့စည်းပုံပြင်ရေးမှာရော ကူညီမှာလား
My You Tube
Home
About Us
Contact Us
New Single
Music News
Full Album
Support :
Creating Website
|
Johny Template
|
Mas Template
Proudly powered by
Blogger
Copyright © 2011.
Lwintmgmg Daily News
- All Rights Reserved
Template Design by
Creating Website
Published by
Mas Template