Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်၏ ကိုးရီးယားခရီးစဉ် ဒုတိယနေ့

ဒေါ်အောင်ဆန်းစုကြည်၏ ကိုးရီးယားခရီးစဉ် ဒုတိယနေ့

Written By လွင့်မောင်မောင် on Tuesday, January 29, 2013 | 11:15 PM


၂၀၁၃ ဖျောင်းချန်း အထူး အိုလံပစ်ဖွင့်ပွဲ အခမ်းအနားတွင် တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်

ဒုတိယနေ့၊ ဇန်န၀ါရီ ၂၉ ခရီးစဉ်
၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံခရီးစဉ် ဒုတိယနေ့ လုပ်ဆောင်မှုများ

(က) နံနက်ပိုင်း၌ ကိုရီးယား ဂရင်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌက ကိုရီးယားဝမ် သိန်းနှစ်ထောင် တန်ဖိုးရှိ ဘက်ထရီ မီးထွန်းစက် အလုံး ၁၀၀၀ ကို ဒေါ်အောင်ဆန်းစုကြည်အား တည်းခိုရာ ဂျိုဆောန်ဟိုတယ်တွင် လာရောက် ပေးအပ်သည်။ ဒေါ်စုက ထိုစက်များကို လျှပ်စစ်မီး မရှိသော ဒေသများရှိ ကျောင်းသားနှင့် ဆေးခန်းများသို့ ပေးလှူမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင် လူ ၅ ယောက်မှာ ၄ ယောက်က လျှပ်စစ်မီး မရှိကြောင်း ပြောဆိုလိုက်သည်။

(ခ) ထို့နောက် tvN မီဒီယာမှ ဘဲ့ဂျီယွန်းက ဒေါ်စုနှင့် သီးသန့် အင်တာဗျူး ပြုလုပ်သည်။ ‘Paek Ji-yoon’s People Insight’ အစီအစဉ် အတွက် ပြုလုပ်သည့် အင်တာဗျူးတွင် ကိုရီးယားနှင့် မြန်မာတွင် အမျိုးသမီး ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို အဓိက မေးမြန်း ဖြေဆိုခဲ့သည်။

(ဂ) ထို့နောက် ဆိုးလ်မြို့တော်ဝန် ဘတ်ဝန်ဆုန်းနှင့် တွေ့ဆုံဆွေးနွေးသည်။

(ဃ) နေ့လယ်ပိုင်းတွင် ကိုရီးယား သမ္မတ အီမြောင်ဘတ်နှင့် အိမ်ပြာတော်၌ တွေ့ဆုံသည်။ အီမြောင်ဘတ်က မြန်မာပြည် စီးပွားရေးနှင့် ပညာရေး ဖွံ့ဖြိုးမှုအတွက် ကူညီသွားမည် ဖြစ်ကြောင်း၊ လူငယ်တို့ အနာဂတ်အတွက် အလေးထားမည် ဖြစ်ကြောင်း ပြောဆိုသည်။

(င) ထို့နောက် သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဘတ်ဂုန်နဲနှင့် သူ၏ အိမ်တွင် တွေ့ဆုံဆွေးနွေးသည်။

(စ) ညနေပိုင်းတွင် ကင်ပိုလေဆိပ်မှ တဆင့် ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဂန်ဝန်ဒိုပြည်နယ်၊ ဖျောင်းချန်းဒေသ တွင် ပြုလုပ်သည့် ဖျောင်းချန်း အထူးအိုလံပစ် ဖွင့်ပွဲသို့ တက်ရောက်ကာ၊ အထူးဧည့်သည်တော် အဖြစ် မိန့်ခွန်း ပြောကြားသည်။

၂။ ယနေ့ည ဖျောင်ချန်းတွင် အနားယူပြီး မနက်ဖြန် နံနက်ပိုင်းတွင် “ဖျောင်ချန်း ဖွံ့ဖြိုးရေး ညီလာခံ”၌ အဓိက ဆွေးနွေးသူအဖြစ် တက်ရောက်မည် ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template