Headlines News :
Home » » ရေနန်းသဘင်၊ ရွှေမန်းတွင်၊ ငွေငန်းဆင်ခေါင်းစဉ်ဖြင့် မန္တလေးသင်္ကြန်ပုံရိပ်များကို ပြန်လည်သရုပ်ဖော်မည်

ရေနန်းသဘင်၊ ရွှေမန်းတွင်၊ ငွေငန်းဆင်ခေါင်းစဉ်ဖြင့် မန္တလေးသင်္ကြန်ပုံရိပ်များကို ပြန်လည်သရုပ်ဖော်မည်

Written By လွင့်မောင်မောင် on Wednesday, January 30, 2013 | 7:21 PM

 Mandalay Palace/Fort and Mandalay Hill, Myanmar,Burma
မန္တလေး၊ ဇန်နဝါရီ၂၉။

ဖေဖော်ဝါရီလ ၄၇က်နေ့တွင် မန္တလေးမြို့ရှိ အိုရီယန်တယ်
ဟောက်ခန်းမတွင် မန္တလေးမြို့မှ စာရေးဆရာဆရာ ဆူးဌက်က မန္တလေးသင်္ကြန်နှင့် ပတ်သက်သော စာတမ်းဖတ်ပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစာတမ်းဖတ်ပွဲကို “ရေနန်းသဘင်၊ ရွှေမန်းတွင်၊
ငွေငန်းဆင်”ခေါင်းစဉ်ဖြင့် စာတမ်းဖတ်သွားမည်ဖြစ်ပြီး ၁၉၃၀ခုနှစ်မှ၁၉၈၀ခုနှစ်ထိ နှစ်(၅၀)ဖြတ်ပိုင်းပုံရိပ်များကို ဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ထို စာတမ်းဖတ်ပွဲတွင် ရတနာပုံခေတ်၊ စစ်ကြိုခေတ်၊ စစ်အတွင်း ပြည်တော်ဝင်ခေတ်၊ စစ်အပြီး ၁၉၄၇ရွှေမန်း
တောင်ရိပ်ခိုခေတ်၊ ၁၉၅၀ ငြိမ်း ချမ်းရေးခေတ်၊ ၁၉၅၁ခုနှစ်
ပြည်ထောင်စုသင်္ကြန်၊ ၁၉၇၀ဝင်းဦးနှင့် မြို့မသင်္ကြန်၊ ၁၉၈၀
သင်္ကြန်မိုး သင်္ကြန်စသည့် ခေတ်အဆက်ဆက် သင်္ကြန်ပွဲတော် ကျင်းပလာခဲ့ပုံကို ထိုခေတ်က ကျော်ကြားခဲ့သော သင်္ကြန်
သီချင်းများ၊ အကအလှများနှင့် ပုံဖော်ကာ စာတမ်းဖတ်ကြား
သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးသင်္ကြန်နှင့် ခွဲထား၍မရသော မြို့မတူရိယာ
အသင်း၊ နန်းတော်ရှေ့ မင်္ဂလာစည်တော်ကြီးအဖွဲ့၊ သဘင်
ပညာရှင် ဘိသိတ်ပညာ ရှင် ငါးမည်ရတင်သိန်း၊ မြို့မတူရိယာ
အသင်းမှ ပင်တိုင်အဆိုတော်များကလည်း ပါဝင်ကူညီ အားဖြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ပြတဲ့ မြန်မာသင်္ကြန်ရဲ့
ပြယုဒ်ထဲမှာ မန္တလေးသင်္ကြန်ဆိုတာ ပါဝင်ခဲ့တယ်။ အဲတော့
ကြာလာရင် မန္တလေးသင်္ကြန်ကို အရင်က ဘယ်လိုဆင်နွဲခဲ့ကြ
သလဲဆိုတာ နောက်လူငယ်တွေ တော်တော်များများ မသိကြ
တော့ဘူး။ အဲတော့ မန္တလေး သင်္ကြန်၊ ရိုးရာယဉ်ကျေးမှု သင်္ကြန် ကာလကို ဖြတ်သန်းခဲ့ကြတဲ့ ကနေ့ လူကြီးတွေလည်း ပျောက်
ပျက်သွားတဲ့ နှောင်းခေတ်သင်္ကြန်ကို ပြန် လည်တမ်းတ လွမ်း
ဆွတ်တာက တစ်ကြောင်း၊ အခုခေတ်လူငယ်တွေလည်း အရင်က ဘယ်လိုရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခဲ့ကြတယ်။ ဘယ်လိုပျော် ရွင်ခဲ့ ကြတယ်ဆိုတာသိစေချင်တာကတစ်ကြောင်းသိစေချင်လို့ 
ဒီပွဲကိုလုပ်တာပါ”ဟု စာရေးဆရာဆရာဆူးဌက်က ပြောကြားသည်။

ယနေ့ခေတ် နောက်ပိုင်းသင်္ကြန်ကျမှုနှင့် ပတ်သက်၍လည်း “ဆယ်နှစ်လောက်ရှိပြီ။ သင်္ကြန်ရောက်မှာ ကြောက်နေတာ။ သင်္ကြန် မြန်မြန်ပြီး ပါစေ ဆုတောင်းနေရတယ်။ ကိုယ်အရမ်း
ကြိုက်တဲ့ မိန်းကလေး သူခိုးဓားပြနဲ့ အိမ်ထောင်ကျသွားသလိုပဲ။ ခံစားလိုက်ရတယ်။ မနှစ်က သင်္ကြန် နားနီးတော့ ကျွန်တော့်
မိတ်ဆွေတွေက ကျွန်တော်ကို မန္တလေးသင်္ကြန်သွားမလို့
လိုက်ဦးမလားလို့ လာခေါ်တယ်။ မန္တလေးသားကို ဘယ်နှယ့် မန္တလေးသင်္ကြန် ခေါ်ရသလဲပေါ့။ သေချာမေးကြည့်တော့မှ တရုတ်ပြည်နားမှာ မန္တလေးသင်္ကြန်ကဲ့သို့ ကျင်းပတာမျိုး
ရှိမှန်းသိရတယ်။ အဲဒီ နေရာမှာ နိုင်ငံခြားဧည့်သည်သန်းချီပြီး လာကြည့်ကြတယ်။ တကယ့်တန်ဖိုးရှိတဲ့ မန္တလေးကျုံးမြို့ရိုးကြီး
ကိုကျတော့ ဗီနိုင်းတွေနဲ့ ကာထား တယ်။ မနှစ်က သင်္ကြန်ပြီး
ကတည်းက ဒီပွဲကို အရမ်းလုပ်ချင်တာ။ အိုရီယန်တယ်ကလည်း အကူအညီပေးလို့ လုပ်ဖြစ်သွားတာပါ”ဟု ထပ်မံပြောကြားသည်။

အဆိုပါပွဲကို ဖေဖော်ဝါရီလ ၄၇က်နေ့တွင် မနက်၉နာရီမှ စတင်ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ သတ်မှတ်
ထားကြောင်း သိရသည်။

____________________________________
Reference and Credit to -သဲထွေး(Myanmar Age)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template