Headlines News :
Home » » ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့်အဖွဲ့ထားဝယ်တွင်ညအိပ်

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့်အဖွဲ့ထားဝယ်တွင်ညအိပ်

Written By လွင့်မောင်မောင် on Friday, March 22, 2013 | 7:48 AM

 
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့်အဖွဲ့စီးနင်းလိုက်ပါလာသော လေယာဉ်များ ထားဝယ်လေဆိပ်၌ ညအိပ်ရပ်နားလျက်ရှိသည်ကိုယနေ့ညနေပိုင်းကတွေ့ရစဉ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့်အဖွဲ့သည်ယနေ့နံနက်(၁၀)နာရီခန့်က ရန်ကုန်မြို့မှတဆင့် ကိုယ်ပိုင်လေယာဉ်များဖြင့်ထားဝယ်လေဆိပ်သို့ဆိုက်ရောက်လာပြီး၊ မောင်းမကန်သို့သွားရောက်ကာ
ဘုတ်ကျွန်းများဖက်ဆီသို့ သင်္ဘောဖြင့်ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါ သင်္ဘောသည် မောင်းမကန်ပင်လယ်ကမ်းခြေအနီးတွင်ကျောက်ချရပ်နား
ထားသည်မှာ ကာလအတန်ကြာပြီဖြစ်ပြီး ယခင်တစ်ခေါက်သက်ဆင် ရောက်ရှိစဉ် သင်္ဘောပေါ်၌ ညအိပ်လေ့ရှိကြောင်း အရပ်သတင်းများကဆိုခဲ့ဖူးသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း၏ ယခုခရီးစဉ်သည် ထားဝယ်ရေနက်ဆိပ်
ကမ်းစီမံကိန်း၊ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်ပတ်သက်ဖွယ်ရှိပြီး၎င်းနှင့်
အတူ ရင်းနှီးမြှုပ်နှံမှုကိုစိတ်ဝင်စားသူအချို့လိုက်ပါလာနိုင်ဖွယ်ရှိကြောင်း
သိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template