Headlines News :
Home » » ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြောင်းလဲမှုရှိ

ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြောင်းလဲမှုရှိ

Written By လွင့်မောင်မောင် on Tuesday, March 19, 2013 | 8:26 PM

     မတ်လ ၁၁ ရက်မှ ၁၆ ရက်အတွင်း ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာ ဈေးနှုန်း တို့နှင့်အတူ ပြည်တွင်း အခေါက်ရွှေဈေးပါ လိုက်ပါပြောင်းလဲမှု ရှိခဲ့ကြောင်း ရွှေကုန်သည်များက ဆိုသည်။

“ဒီတပတ်ထဲမှာ ပြင်ပ ဒေါ်လာပေါက်ဈေးက ၈၇၃ ကျပ်ကနေ ၈၉၁ ကျပ်အထိ တက်လာတယ်။ ငွေဈေး ပြောင်းတိုင်း ပြည်တွင်းရွှေဈေးပါ လိုက်ပြောင်းခဲ့တယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးတို့က ပြည်တွင်း ရွှေဈေးကို ဦးဆောင်သွားခဲ့ပါတယ်” ဟု မဟာဗန္ဓုလ လမ်းနေ ရွှေ ကုန်သည် ဦးအေး က ပြောသည်။

မတ်လ ၁၁ ရက်မှ ၁၆ ရက်အတွင်း ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၅၉၈ ဒေါ်လာအထိ မတ်လ ၁၅ ရက်တွင် အမြင့်ဆုံးဈေး ရှိခဲ့သည်။ ပြည်တွင်း ရွှေဈေးမှာလည်း ထိုနေ့တွင်ပင် ၁ ကျပ်သားလျှင် ၇၄၉,၄၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်။ ယခင်သီတင်းပတ်က အမြင့်ဆုံးဈေး ၇၄၆,၈၀၀ ကျပ်ဖြင့် နှိုင်းယှဉ်ပါက အနည်းငယ် တက်လာသည့်သဘော ဖြစ်သည်။

“မတ်လ ၁၆ ရက်မှာ ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ၁,၅၉၂ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။ ပြည်တွင်း ရွှေဈေးက ၁ ကျပ်သားကို ကျပ် ၇၄၇,၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပြီး အပိတ်ဈေးက ၇၄၇,၇၀၀ ကျပ်ပါ” ဟု ရွှေကုန်သည် ဦးစံမြင့် က ပြောသည်။

ယခုအပတ်အတွင်း နယ်စပ်ရွှေ အဝင်အထွက်မရှိ၍ ဈေးကွက်အတွင်း အသားအနည်းငယ် ပါးခဲ့သည်။

“အရင်က လစာတိုးမယ် ကြေညာခဲတုန်းက ရွှေဈေးတွေ ခုန်တက်ခဲ့ဖူးတယ်။ နိုင်ငံရေး မတည်ငြိမ်တဲ့ အခါတွေလည်း ရွှေဈေး တက်ခဲ့ဖူးတယ်။ ဒီအပတ်ထဲမှာ လစာတွေ တိုးမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပေမယ့် ရွှေဈေးနှုန်းက ပုံမှန်အနေအထားပဲ ရှိခဲ့တယ်” ဟု ဦးစံမြင့် က ဆက်ပြောသည်။

ယခု သီတင်းပတ်အတွင်း ရွှေစုဆောင်းသူများ ဝယ်ယူမှုရှိနေသလို အရပ် ဝယ်လက်များကလည်း ဝယ်နိုင်မှု အင်အား ရှိသလောက် ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။
ခင်မျိုးသွယ် Mizzima - News in Burmese
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template