Headlines News :
Home » » မိတ္ထီလာမြို့ ပဋိပက္ခနောက်ဆုံးရသတင်းများ

မိတ္ထီလာမြို့ ပဋိပက္ခနောက်ဆုံးရသတင်းများ

Written By လွင့်မောင်မောင် on Thursday, March 21, 2013 | 12:52 AM

ညနေ ၆ နာရီဝန်းကျင်ခန့်တွင် မိတ္ထီလာမြို့ ပဋိပက္ခမြင်ကွင်းများ အားတွေ့ရစဉ်
ညနေ ၆ နာရီဝန်းကျင်ခန့်တွင် မိတ္ထီလာမြို့ ပဋိပက္ခမြင်ကွင်းများ အားတွေ့ရစဉ်
ညနေ ၆ နာရီဝန်းကျင်ခန့်တွင် မိတ္ထီလာမြို့ ပဋိပက္ခမြင်ကွင်းများ အားတွေ့ရစဉ်
မတ်လ ၂၀ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင် လူတစ်စုမှ ကားအရောင်းပြခန်းအချို့အား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရုန်းရင်းဆန်ခတ် အခြေအနေအား ထိန်းသိမ်းနိုင်ရေးအတွက် လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း လိုက်လံကြေညာလျက်ရှိသည်ဟု Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့ခဲ့သည်။

 ================================================
မတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် ယနေ့ည ၁၁ နာရီ ၂၅ မိနစ် ဝန်းကျင်တွင် ထပ်မံ၍ သတင်းထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်မှု သတင်းဆက်

မိတ်္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား

နေပြည်တော်၊ မတ် ၂၀
၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-
(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)
(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။


(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
၂၀၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

=============================================
 
မတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေနှင့် ပတ်သက်၍ အခြေအနေတည်ငြိမ်အောင် ထိန်းသိမ်းရေးတွင် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ (မတ်လ၂၀ ရက်) ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မိတ္ထီလာမြို့သို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။

--------------------------------------------------------------------------------------------------
သတင်းနှင့်ဓာတ်ပုံ-Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template