Headlines News :
Home » » နှစ်ပေါင်းများစွာ ခွင့်ပြုချက်မဲ့ခဲ့သော ရခိုင်စာပေ တရားဝင် သင်ခွင့်ရတော့မည်

နှစ်ပေါင်းများစွာ ခွင့်ပြုချက်မဲ့ခဲ့သော ရခိုင်စာပေ တရားဝင် သင်ခွင့်ရတော့မည်

Written By လွင့်မောင်မောင် on Friday, March 22, 2013 | 4:55 PM

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ရခိုင်သမိုင်းသုတေသီပညာရှင်များ၊ စာရေးဆရာများ စုစုပေါင်း၅၀ခန့်တက်ရောက်သည့် ရခိုင်စာပေ သင်ရိုးညွန်းတမ်း ပြုစုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး။မတ်လ ၅ရက်၂၀၁၃
 ရန်ကုန်၊ မတ် ၁၆သမိုင်းစဉ်တစ်လျှောက် ခွင့်ပြုချက်မရခဲ့သော ရခိုင်စာပေကို လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအောက်အဆင့်၌ တရားဝင် သင်ကြားခွင့်ပေးလိုက်ပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်မှ ဥပဒေချုပ် ဦးလှသိန်း၊ စက်မှုဝန်ကြီး ဦးသာ လူချေနှင့် စစ်တွေတက္ကသိုလ်မှ ပညာရှင်များ၊ အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် ၂၇ ဦး အဖွဲ့ကို ပြည်နယ်အစိုးရက မတ်လ ၅ ရက်နေ့တွင် ရခိုင် စာပေကို သင်ရိုးညွှန်းတမ်း ရေး ဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီး မတ်လ ၉ ရက်နေ့ ညနေတွင် ရခိုင်သင်ပုန်းကြီး ဖတ်စာကို ပထမအဆင့်အနေဖြင့် ရေးဆွဲမှု ပြီးစီးသွားခဲ့ကြောင်း အဖွဲ့ဝင် အဖြစ်ပါဝင်သူ ဦးကျော်ရွှေမောင် က ပြောသည်။
”အပြောကိုအခြေခံပြီး ရေးဆွဲထားပါတယ်။ အက္ခရာနဲ့စာကို မသိတဲ့သူတွေရှိတယ်။ အခုရေးဆွဲထားတဲ့အက္ခရာက မြောက်ဦး ခေတ်အဝိုင်းအက္ခရာကို ရခိုင်အက္ခရာ အဖြစ် အခြေခံပြီး အသုံး ပြုထားတယ်”ဟု ၄င်းကဆို သည်။
မတ်လ ၁၆ ရက်နေ့တွင် ပထမတန်း၊ ဒုတိယတန်းအဆင့်များ၌ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲခြင်း၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ရခိုင် စာပေကို သင်ကြား ပေးမည့် ဆရာ၊ ဆရာမများအား သင်တန်းပေးခြင်းတို့ကိုလည်း ကော်မတီက ဆောင်ရွက်သွားမည် ဟု သိရသည်။
၁၁၇၄ ခုနှစ်တွင် ရခိုင်က ထီးနန်းဆုံးရှုံးပြီး မြို့ဝန်ခေတ်၊ ထိုမှ အင်္ဂလိပ်ခေတ်၊ ပြီးလျှင် အစိုးရအဆက်ဆက်များ နောက်ပိုင်းမှယခုတွင် တရားဝင်သင်ကြား နိုင်ခြင်းဖြစ်သည်။
http://popularmyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template