Headlines News :
Home » » မတ္ထီလာ ပဋိပက္ခ နောက်ဆုံးရ သတင်းများ(ညနေ ၄ နာရီ အထိ)
မတ္ထီလာ ပဋိပက္ခ နောက်ဆုံးရ သတင်းများ(ညနေ ၄ နာရီ အထိ)
Written By လွင့်မောင်မောင် on Thursday, March 21, 2013 | 4:57 PM
မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့၊ မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ် မြင်တွေ့ရပုံ
photo: RFA/ Win Naung Toe
မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့၊ မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ် မြင်တွေ့ရပုံ
photo: RFA/ Win Naung Toe
   မတ်လ ၂၁ ရက်နေ့ မှာ ဒုတိယ မြောက်နေ့  အဖြစ် မတ္ထီလာ မြို့  မှာ  မငြိမ်သက် မှုတွေ
တွေ ပါ မီးရှို့ ခံရ ပြီး ၊ ရန် မျိုး အောင် ရပ် ကွက် ၊ မိတ္ထီလာ စည် ပင်ဈေး အနီး နဲ့  အာရှ
စိမ်းလန်း ဖွံ့  ဖြိုး ရေး ဘဏ်ခွဲ ပါ မီးစွဲ လောင် ခဲ့ တယ်လို့  သိရပါတယ်။ မင်္ဂလာ ဇေယုံ
ရပ် ကွက် မှာ တော့ ရပ် ကွက် ရဲ့  နေရာ အတော် များများ ကို မီးစွဲ လောင်ခဲ့ ပါတယ်။
မိတ္ထီလာမြို့ ခရိုင်စာရင်းစစ်ရုံး မီးလောင်နေစဉ်။ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
မိတ္ထီလာမြို့ ခရိုင်စာရင်းစစ်ရုံး မီးလောင်နေစဉ်။ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
ဝန်ဇင်း ရပ် ကွက် မှာ ဆိုရင် ဓား ခုတ် မှု တွေ အပြန် အလှန် ဖြစ် ပွား နေတာ တရုတ်
သိုင်းကား ထဲ က လို ပဲ တချွမ် ချွမ် နဲ့  လို့  ၀န်ဇင်း ရပ် ကွက် က တက္ကသိုလ် ကျောင်း
သား တစ်ဦး က ပြောပါတယ်။ သူ က ဆက် ပြီး တော့ မြို့  ရဲ့  နေရာ အတော် များမှာ
မီးလောင်နေတယ်။ မီးခိုး တွေ တက် လာ တာ နေရာ အနှံ ပဲ လို့ ဆို ပါတယ်။
တရား ၀င် သိရ သလောက် သေဆုံး သူ ငါး ဦးခန့်  ရှိ ပြီး ဆေးရုံ မှာ တက်နေရတာ
ထိခိုက် ဒဏ်ရာ ရတဲ့ ရဲတပ် ဖွဲ့  ၀င် တွေ ၊ အစိုးရ ၀န်ထမ်းတွေ အပါ ဆို ၂၅ ဦး ရှိ
တယ် လို့ မိတ္ထီလာ ဆေးရုံ ကြီး က တရား ၀င် ပြောပါတယ်။
မိတ္ထီ လာ မြို့  ရဲ့  အချို့  ရပ်ကွက် တွေ မှာ ဆယ်တန်း စာ မေး ပွဲ ဖြေရ မယ့် ကျောင်း
သာား တွေ ဟာ အိမ် မီးလောင် မှု နဲ့  တခြား အကြောင်း တွေ ကြောင့် စာ မေး ပွဲ
မဖြေ ဆို နိုင် ဘူး လို့  သိရပါတယ်။
မန္တလေး တိုင်း နဲ့  တခြား မြို့ နယ် က ရဲတပ် ဖွဲ့  ၀င် တွေ ရောက် လာပေမယ့် မီးသတ်
ကား လုံ လောက် မှု မရှိတာ ကြောင့် မီး ငြိမ်း သတ်မှု မှာ အလျှင် မမှီ ဘူး လို့  အဲဒီ
ကို ရောက် နေတဲ့ ရန်ကုန် အခြေစိုက် သတင်း ထောက် တစ်ဦး က ပြောပါတယ်။
သေဆုံး သူ အရေ အတွက် ဟာ ဆယ် ဂဏန်း လောက် ဖြစ် နိုင် ပြီး ဒေါ်အောင်ဆန်း
စုကြည် ကတော့ မိတ္ထီလာ မှာ လိုအပ် ရင်း လုံခြုံရေး တင်းတင်း ကျပ် ကျပ် ကိုင်တွယ်
ဖို့  သက် ဆိုင်ရာ အာဏာ ပိုင် တွေ ကို မိန့် ကြားထား ပါတယ်။
FNG
.................................................................................................................
မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်
မိတ္ထီလာတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက်ဟု ဆိုကာ မတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
၎င်းတို့ ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည် စခန်းတွေလည်း သွားတယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန် တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။
ဆေးရုံမှာတော့ ပစ်ခတ် နှိမ်နင်းထားလို့ ခြေထောက်၊ ပေါင်တွေမှာ
ဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲ
မေတ္တာရပ်ခံချင်တယ်။ မနက်ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီး အဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က Eleven Media Group သို့ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။
 Eleven Media Group
.......................................................................................................................
မိတ္ထီလာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဟု ရဲတပ်ဖွဲ့ပြော (ညနေ ၄ နာရီ)
ဒီဗွီဘီ
မိတ္ထီလာမြို့ ပဋိပက္ခတွေ အခုအချိန်ထိ ဖြစ်ပွားနေပြီး တည်းခိုခန်းတခုပြာကျသွားပြီးနောက် အိမ် ၅ လုံးလောက် မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
“အခုလက်ရှိ သီရိမင်္ဂလာရပ်ကွက်၊ ပုလဲတည်းခိုခန်း မီးလောင်ပြာကျသွားပြီ။ အိမ် ၄-၅ လုံးလောက် မီးတွေ ဆက်လောင်နေတယ်။ ရဲတွေကို မီးသတ်ကားပေါ်တင်ပြီး မီးငြှိမ်းနေရတယ်။”
မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ အတည်ပြုလို့ မရသေးဘဲ စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။
အခုလောလောဆယ် အခြေအနေကို ဆက်လက်ထိန်းသိမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 DVB TV News
.......................................................................................................................
မတ်လ၂၁ရက်နေမိတ္ထီလာမြို့လယ်တစ်နေရာတွင်
တွေ့ရသည့်မြင်ကွင်း 
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
မိတ္ထီလာမြို့ ရန်ကုန် - မန္တလေး ကားလမ်း သီရိမင်္ဂလာရပ်ကွက် နာရီစင်အနီး AGD ဘဏ်နားတွင် မီးလောင်နေစဉ်
(ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template