
မတ်၊ ၁၇
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အပြီးသတ်အစီ၇င်ခံစာထွက်ပေါ်လာ ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တုံရွာသပိတ်စခန်းသို့ လာရောက်ခဲ့စဉ် ရိုင်းစိုင်းစွာပြုမူပြောဆို ဆက်ခဲ့မှုများအား တောင်းပန်ပွဲ နှင့် အဆိုပါ ရိုင်းပြစွာ ဆက်ဆံခဲ့သူများအားရှုတ်ချပွဲ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအားထောက်ခံပွဲကို တုံတောကျောင်း ရွာလမ်းထိပ်၌ကျင်းပခွင့်ရရှိရေးအတွက် ဆားလင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ မနက်ဖြန်(၁၈-၃-၂၀၁၃)နေ့တွင် စာတင်မည်ဖြစ်ပြီး ခွင့်ပြုမိန့်ရပါက (၁၉-၃-၂၀၁၃)နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားရန်အစီအစဉ်များရှိနေကြောင်း တုံရွာနေ ပြည်သူတစ်ဦးထံမှသိရပါသည်။
Monywa Times