သီတဂူဆရာတော်ကြီး၏စီစဉ်မှုဖြင့်ဘယ်ဂျီယံနိုင်ငံမှဆေးဘက်ပညာရှင်ဆရာဝန်(၁၄)ဦး၊
သူနာပြု(၄)ဦးတို့သည်
တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်မြို့ရှိ သီတဂူအာရောဂျဒါနဆေးရုံကြီးတွင်
မျက်စိဝေဒနာရှင်များနှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်များ အား ယနေ့ (19-3-2013)
နံနက်ပိုင်းမှစတင်ကာ
ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးနေပြီဖြစ်သည်။
ယခုလက်ရှိအချိန်ထိ မျက်စိဝေဒနာရှင်(၅၁၄)ဦးစာရင်းပေးထားပြီး(၂၀)ဦးခွဲစိတ်ပြီးစီးကာ
ခွဲစိတ်ရန်လိုအပ်သည့်ဝေဒနာရှင်(၇၀)ဦးကိုခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်စာရင်ပေးသွင်းထားသူ(၁၂၁)အနက်(၂၀)ဦးကိုခွဲစိတ်
မှုပြီးစီးနေပြီဖြစ်ပြီးဆက်လက် ခွဲစိတ်မှုများပြုလုပ်လျက်ရှိသည်။ထိုသို့ခွဲစိတ်ကုသမှုခံယူရန် တနင်္သာရီတိုင်းဒေသကြီးနေရာအနှံ့မှလာရောက်လျက်ရှိကြောင်း တွေ့ရသည်။

![]() |
မီးလောင်ဒဏ်ရာရထားသူစော်ဖျားရွာမှ မောင်သန်းမိုး ခွဲစိတ်ခန်းအ၀င် |
စေတနာအလျောက်ကူညီဆောင်ရွက် ပေးလျက်ရှိကြရာ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်ဇနီးဒေါ်ဧကရီခိုင် မိသားစုကအလှူငွေကျပ်(၅)သိန်း
၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်(၁၀)သိန်း၊ ဖိုးသီးချိုလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက မျက်မှန်အလက် (၅၀၀) တို့ကို ယနေ့နံနက်ပိုင်းကပေးအပ်လှူဒါန်းကြပြီး ထားဝယ်ခရိုင်အတွင်းမှ လူမှုအဖွဲ့အစည်းအသီးသီးက လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းတွေ့ရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်ဇနီးဒေါ်ဧကရီခိုင် မိသားစုကအလှူငွေကျပ်(၅)သိန်း
၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်(၁၀)သိန်း၊ ဖိုးသီးချိုလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက မျက်မှန်အလက် (၅၀၀) တို့ကို ယနေ့နံနက်ပိုင်းကပေးအပ်လှူဒါန်းကြပြီး ထားဝယ်ခရိုင်အတွင်းမှ လူမှုအဖွဲ့အစည်းအသီးသီးက လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းတွေ့ရသည်။

![]() |
စော်ဖျားရွာက မောင်သန်းမိုး ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)၁၉.၃.၂၀၁၃ |