မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ
အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမှာဖြစ်ကြောင်း။
ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်ဖြစ်ပါသည် သတင်းရရှိပါသည်။
သတင်းနှင့်ဓာတ်ပုံ-Myanmar News Update