Headlines News :
Home » , » ထားဝယ်အတွက် မရှိမဖြစ် အောက်စီဂျင်

ထားဝယ်အတွက် မရှိမဖြစ် အောက်စီဂျင်

Written By လွင့်မောင်မောင် on Tuesday, March 19, 2013 | 6:45 PM

“အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ်အရေး ပေါ် အောင်စီဂျင် လှူဒါန်းရေး” အဖွဲ့ရုံး 

ဒီနေ့ မနက်က အကြောင်းကိစ္စတစ်ခုနဲ့ ထားဝယ်ဆေးရုံဝင်းအတွင်းကိုရောက်တော့ “အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ်အရေး ပေါ် အောင်စီဂျင် လှူဒါန်းရေး” အဖွဲ့ရုံးကို သပ်ရပ်သန့်ရှင်းစွာ တွေ့လိုက်ရလို့ ဒီအဖွဲ့စတင်ပေါ်ပေါက်လာဖို့ ဦးဆောင်ကြိုးပမ်းခဲ့တဲ့ “ဆီဆုံဘုန်းကြီး”ကိုပြေးသတိရလိုက်မိပါတယ်။
ဆေးရုံဝင်းထဲမှာရှိနေတုန်း အချို့လူတွေ အောက်စီဂျင်အိုးတွေ ပွေ့ပိုက်သွားတာ၊ ဆွဲသွားတာလေးတွေ တွေ့ပြန်တော့လည်း အလှူဒါနတွေအတွက် မုဒိတာပွားရင်းသာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။

ကျန်းမာရေး ကိစ္စနဲ့ ဆေးရုံရောက်လာကြတဲ့ သူတွေအနေနဲ့ အပူအပင်ကင်းကင်း အထောက်အပံ့ရနေနိုင်တာဟာ မဟာခွင့်အရေးလို့တောင် ပြောလိုက်ချင်ပါတယ်။ဒီလိုဖြစ်အောင်လည်း အာယုဒါန အဖွဲ့သားစေတနာရှင်ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ဆောင်ရွက်ခဲ့ကြ တာပါ။

ခုဆိုရင် “အာယုဒါနအဖွဲ့” (အရပ်အခေါ် - အောက်စီဂျင်အဖွဲ့)ဟာထားဝယ်ဒေသရဲ့ မရှိမဖြစ်လို့တောင်ပြောလို့ရပါတယ်။ ထားဝယ်ဒေသမှာရှိတဲ့ ထားဝယ်ဆေးရုံကြီး၊စစ်ဆေးရုံ (ကုတင်၁၀၀)၊မေတ္တာဆေးရုံ၊ရေဖြူဆေးရုံ၊ ကလိန်အောင်ဆေးရုံ၊ကံပေါက် ဆေးရုံ၊လောင်းလုံးဆေးရုံ၊မောင်မကန်ဆေးရုံ၊
သကျက်တောဆေးရုံ၊သရက်ချောင်းဆေးရုံ၊ရငဲဆေးရုံ၊ကနက်သီရိဆေးရုံ၊ပုလော ဆေးရုံ၊ပလဆေးရုံ
၊ကျောက်ကာဆေးရုံ…စတဲ့ဆေးရုံပေါင်း(၁၆)ရုံ ကို အောက်စီဂျင်တွေပေးပို့လှူဒါန်းနေတာမို့ ထားဝယ်ကို တောင်ကျော်ပြီး ပုလော၊ပလ အထိ အလှူပေးနိုင်နေတာကို ၀မ်းမြောက်စဖွယ်တွေ့ရမှာဖြစ်ပါတယ်။
ထားဝယ်ဆေးရုံကြီးတစ်ခု တည်းတင် လေ့လာကြည့်လိုက်ပြန်တော့လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ထားဝယ်ပြည်သူ့ဆေးရုံကြီးရောက် လူနာ (၁၅၁၅)ဦးကို အောက်စီဂျင်ဗူး (၇၈၄၈)ဗူး လှူဒါန်းနိုင်ခဲ့တာတွေ့နိုင်ပါတယ်။ခုလတ်တလော စာရင်းတွေအရဆိုရင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှာ လူနာ(၁၅၇)ဦးအတွက် အောက်စီဂျင်ဗူး (၉၇၂) ဗူး၊ ဖေဖော်ဝါရီလမှာ လူနာ(၁၂၃)ဦးအတွက် အောက်စီဂျင်ဗူး (၁၁၃၃) ဗူး လှူဒါန်းနိုင်ခဲ့ကြောင်းသိရပါတယ်။

ဒီအချက်အလက်တွေကိုလေ့လာကြည့်ရင် “အောက်စီဂျင်အဖွဲ့”ဟာ ထားဝယ် ဒေသအတွက်ဘယ်လောက် အရေးပါတယ်။အရေးကြီးတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ဒီလိုလှူဒါန်းနိုင်ဖို့ အတွက်လည်း စေတနာရှင်ပြည်သူများက တစ်လုံးတစ်ခဲတည်းလှူဒါန်းတာမျိုးရှိသလို တစ်လလျှင် ကျပ်(၁၀၀၀) နှုန်းနဲ့ပုံမှန် ထည့်ဝင်လှူဒါန်း နေကြတာမို့ ရပ်တည်နေနိုင်တဲ့ သဘောပါ။ တကယ်တော့ အောက်စီဂျင်တွေဖြည့်ဖို့ရာ အိုးတွေကို ရန်ကုန်ပို့ပြီး ဖြည့်ရတာမို့ အခက်အခဲတချို့ရှိတယ်လို့လည်းသိရပါတယ်။

ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် လိုအပ်တဲ့အောက်စီဂျင် ကို ထားဝယ်မှာတင်ဖြည့်ဖို့ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကိုဝယ်ယူတပ်ဆင်ဖို့တော့ စီစဉ်နေတယ်လို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ်….“အာယုဒါန” နဲ့ပတ်သက်ပြီးပြန်သုံးသပ်ကြည့်ရင် ထားဝယ်ကစေတနာရှင်တွေဟာ မိမိတို့ဒေသအတွက် မရှိမဖြစ်လိုအပ်နေတဲ့ အရာတွေကိုဘယ်သူ့ဆီကမှမျှော်ကိုးစောင့်စားမနေဘဲ တစ်နိုင်ဝန်လေးထမ်းရာက ပြည်သူတို့ရဲ့အားထားရာ ဖြစ်နေပြီဆိုတာကို တွေ့ရကြောင်းပါ။
ဆက်လက်ပြီး ရေရှည်တည်တံ့အောင်လည်း ၀ိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းပါရစေဗျာ။


ဖိုးဇော်(ထားဝယ်) မှတ်တမ်းပြုသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template