Headlines News :
Home » » ကချင်နဲ့ ငြိမ်းချမ်းရေးရအောင် ဆက်ဆောင်ရွက်ဖို့ တရုတ်တိုက်တွန်း

ကချင်နဲ့ ငြိမ်းချမ်းရေးရအောင် ဆက်ဆောင်ရွက်ဖို့ တရုတ်တိုက်တွန်း

Written By လွင့်မောင်မောင် on Tuesday, June 25, 2013 | 7:43 PM

 
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံ ကောင်စီဝင် ရန်ကျဲချိက မြန်မာအစိုးရနဲ့ ကချင်လွှတ်မြောက်ရေးတပ်အကြား အပစ်အခတ်ရပ်စဲရေးဆီကို ဦးတည်တဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့တုန်း တရုတ်ကောင်စီဝင် ရန်ကျဲချိက ပြောဆိုလိုက်တာဖြစ်ပြီး ကချင်နဲ့ ဆွေးနွေးမှုမှာ တရုတ်အနေနဲ့ ကူညီလိုကြောင်းလည်း ပြောလိုက်ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံ ကောင်စီဝင် ရန်ကျဲချိက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အရင်ကတည်းက ကောင်းမွန်ခဲ့တဲ့အတိုင်း ဆက်လက်ပြီး ကောင်းမွန်အောင် လုပ်ဆောင်ကြဖို့ လိုတဲ့အကြောင်း၊ နှစ်နိုင်ငံအတွက် သေနက နည်းဗျူဟာကျတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းနိုင်ဖို့ လုပ်ဆောင်ဖို့လိုကြောင်း၊ နှစ်နိုင်ငံလုံးကို အကျိုးဖြစ်စေမယ့် စီမံကိန်းကြီးတွေကို ချောမွေ့စွာ လုပ်ဆောင် အကောင်အထည်ဖော်ဖို့ ကိစ္စအပြင် နှစ်နိုင်ငံကြား နားလည်မှု၊ ရင်းနှီးမှု ပိုမိုရရှိဖို့ ယဉ်ကျေးမှုချင်း ဖလှယ်တာတွေလည်း လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက လာမယ့်နှစ်ကျရင် အာဆီယံအသင်း ဥက္ကဌအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေကြား ပူးပေါင်းမှုတွေ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား လိုက်လျောညီထွေပြုမှုတွေ ပိုရှိလာဖို့နဲ့ တရုတ်နဲ့ အာဆီယံ အသင်းဝင်နိုင်ငံတွေကြား ဆက်ဆံရေးတိုးတက်ရေးတွေမှာ ဆောင်ရွက်ပေးဖို့လည်း တရုတ်နိုင်ငံ ကောင်စီဝင် ရန်ကျဲချိက တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံဟာ မိတ်ဆွေကောင်းတွေဖြစ်ကြပြီး မြန်မာနိုင်ငံအပေါ် အမြဲတမ်း ထောက်ပံ့မှုတွေ လုပ်တဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံကလည်း အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ တရုတ်ဖက်က အမြဲတမ်း ရပ်တည်ပေးခဲ့တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံ သမ္မတအနေနဲ့ မြန်မာနိုင်ငံကို မကြာခင်မှာ လာရောက်လည်ပတ်ဖို့လည်း သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာနိုင်ငံကအနေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုကို ကြိုဆိုကြောင်း၊ ကောင်းမွန်တဲ့ရင်းနှီးမြုပ်နှံမှု ပတ်ဝန်းကျင်ရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်သလို နှစ်နိုင်ငံ ပူးပေါင်းလုပ်ကိုင်တဲ့ စီမံကိန်းတွေ အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်ပေးမယ်လို့လည်း သမ္မတဦးသိန်းစိန်က ကတိပေးခဲ့ပါတယ်။

ကချင်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးရအောင် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသမှာ အေးဆေးငြိမ်သက်မှု ရှိအောင် ကြိုးစားသွားမယ်လို့လည်း သမ္မတ ဦးသိန်းစိန်က တုန့်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ကောင်စီဝင် ရန်ကျဲချိဟာ တနင်္ဂနွေနေ့တုန်းက ဒုသမ္မတ ဦးဥာဏ်ထွန်းအပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့တဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template