Headlines News :
Home » » တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက် ဝန်ကြီးဌာနပေါင်းစုံ ဆွေးနွေး

တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက် ဝန်ကြီးဌာနပေါင်းစုံ ဆွေးနွေး

Written By လွင့်မောင်မောင် on Wednesday, June 26, 2013 | 7:50 PM

 yehtut-305.jpg
လာမယ့် ဇူလိုင်လ ၁ ရက်နေ့အတွက်ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်း မှာဖော်ပြထားတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်မှုပြယုဒ် (The Face of Buddhist Terror) ဆောင်းပါးမှာ ရေးသားထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အရေးယူသွားဖို့အတွက် မြန်မာနိုင်ငံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိ ရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ကနေ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီကို တင်ပြမယ်လို့ သိရပါတယ်။
ဒီဆောင်းပါးထဲက အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံ ကြားမှာ တည်ဆောက်နေတဲ့ နားလည်မှု လုပ်ငန်းစဉ်ကို အနှောက်အယှက် ဖြစ်စေနိုင်သလို မလိုလားအပ် တဲ့ ဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့အတွက် ဒီကနေ့ကျင်းပတဲ့ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
"ဒီနေ့မနက် ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဌာနအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးထိုင်ပါတယ်၊ အဲဒီအစည်းမှာ ဝိုင်းဝန်းဆွေးနွေးပြီးတဲ့အခါမှာ တိုင်းမ်းမဂ္ဂဇင်းမှာ ရေးသားထားတဲ့ ရေးသားဖော်ပြချက်က နိုင်ငံအတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်စေနိုင်တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ မှာ ပြဌာန်းချက်တွေကိုလည်း ထိခိုက်စေနိုင်တယ်၊ နောက်ကျနော်တို့ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံကြား နားလည်မှုတည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့ ဒီအရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီအနေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန်လို့ ကျနော်တို့မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ပါတယ်၊ အဲဒီအတိုင်းပဲ ကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ကျနော်တို့ မေတ္တာရပ်ခံစာပေးပို့ပြီးဖြစ်ပါတယ်"
ဒီအရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က မတ်လ ၃ဝ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို မသူဇာက စုစည်းတင်ပြထားပါတယ်။
တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြချက်အပေါ် အစိုးရရဲ့ ရပ်တည်ချက် အမြင်တွေနဲ့ ပတ်သက်လို့ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။
တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်နဲ့ ပတ်သက်လို့  နိုင်ငံရေးပါတီတွေရဲ့ သဘောထား အမြင်တွေကို မအိအိခိုင်က စုစည်းတင်ပြထားပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template