Headlines News :
Home » » ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုကြောင်း ဘူးသီးတောင် ဒေသခံတို့ သမ္မတထံ ပေးပို့စာတွင် ဖေါ်ပြ

ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုကြောင်း ဘူးသီးတောင် ဒေသခံတို့ သမ္မတထံ ပေးပို့စာတွင် ဖေါ်ပြ

Written By လွင့်မောင်မောင် on Wednesday, June 26, 2013 | 6:02 PM

ဘူးသီးတောင်မြို့နယ် အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင်ရွက်သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေးပို့သော စာထဲတွင် ဖေါ်ပြထားသည်။
ဇွန်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တိုင်းရင်းသားများ ရေးသားပေးပို့သော စာပိုဒ် အမှတ်စဉ် (၅) တွင် ထိုသို့ ဖေါ်ပြထားသည်။
လူပေါင်း ၁၀၀ ကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံသို့ ရေးသားပေးပို့သောစာထဲတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏  အရပ်ရပ် အခွင့်အရေး လိုင်စင်ကို နိုင်ငံသား မဟုတ်သူများက တိုက်ရိုက် လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမူ အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူလူထုမှ ကန့်ကွက်ကြောင်း ဖေါ်ပြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သယာရေး အဖွဲ့၏  အရပ်ရပ် အခွင့်အရေး လိုင်စင်ကို ၂၃-၅-၂၀၁၃ ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လေလံ စည်းကမ်းချက်တွင် နိုင်ငံသား မဟုတ်သည့် အမျိုးသား မှတ်ပုံတင်ကဒ် (သို့) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း ၀င်ရောက် ဆွဲဝယ်ခြင်း ပြုခဲ့ကြောင်း၊ သို့အတွက် လေလံ မဆွဲမီ ၁-၃-၂-၁၃ နေ့တွင် ကြော်ငြာတွင် ပါဝင်သည့် စည်းကမ်းချက် အပိုဒ် (၁)နှင့် အပိုဒ်(၄) အချက်များကို ကန့်ကွက်ပြီး ဥပဒေနှင့် အညီ ပြင်ဆင်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ တဆင့် တောင်းဆိုခဲ့ကြောင်း၊အဆိုပါ ကြေငြာချက်ပါ အချက် တချို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၄၉) နှင့် (၃၇၀) တို့ကို လုံးဝ ဆန့်ကျင်နေပြီး နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်လည်း ဆန့်ကျင်နေကြောင်း၊ သို့သော်လည်း ၂ လကျော် ကြာသည့် တိုင်အောင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ ပြည်သူလူထုမှ နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ပြီးနောက် နှစ်လကျော်ကြာမှ  ၁၇-၅-၂၀၁၃ ခု နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးကျော်သိန်းနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးမောင်စန်ရွှေတို့ နှစ်ဦးကို စေလွှတ်လိုက်ကြောင်း၊ သို့သော်လည်း အထက်ပါ ၀န်ကြီးနှစ်ဦးသည် ပြည်သူလူထုများ၏ တောင်းဆိုချက်များကို မျက်ကွယ်ပြုကာ နိုင်ငံသား မဟုတ်သူများကို လေလံများဆွဲယူခွင့် ပြုပေးခဲ့ကြောင်း ဖေါ်ပြသည်။
ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်ကို သံသယ ဖြစ်မိကြောင်း ဖေါ်ပြသည်။
စာ၏ နိဂုံးချုပ်တွင်  နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများကို ချိုးဖေါက်ပြီး လေလံ ၀ယ်ယူခွင့် ရရှိထားသူ နိုင်ငံသား မဟုတ်သူများကို ပယ်ဖျက်ပြီး တိုင်းရင်းသားနှင့် နိုင်ငံသားများ လက်ဝယ်သို့ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်ပေးရန် စာထဲတွင် သမ္မတကို တင်ပြတောင်းဆိုထားသည်။
signed-copy

နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template