Headlines News :
Home » » ဆီးရီးယားပဋိပက္ခ သေဆုံးသူ သိန်းကျော်ပြီ

ဆီးရီးယားပဋိပက္ခ သေဆုံးသူ သိန်းကျော်ပြီ

Written By လွင့်မောင်မောင် on Thursday, June 27, 2013 | 8:18 AM

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က လက်နက်ကိုင် ပဋိပက္ခအတွင်း ဒဏ်ရာရထားတဲ့ အမျိုးသမီးတဦး နီးစပ်ရာ ဆေးရုံကို သွားနေစဉ် (၂၀ စက်တင်ဘာ ၂၀၁၂)
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က လက်နက်ကိုင် ပဋိပက္ခအတွင်း ဒဏ်ရာရထားတဲ့ အမျိုးသမီးတဦး နီးစပ်ရာ ဆေးရုံကို သွားနေစဉ် (၂၀ စက်တင်ဘာ ၂၀၁၂)
ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad) ကို ရာထူးက ဖယ်ရှားဖို့ စတင်ကြိုးပမ်းခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လကစလို့ သေဆုံးသူ အရေအတွက်ဟာ ၁ သိန်း ကျော်သွားပြီလို့ တက်ကြွလှုပ်ရှားသူတွေက ပြော ပါတယ်။

သေဆုံးသူတွေထဲ အတိုက်အခံ လက်နက်ကိုင် ၁ သောင်း ၈ ထောင်နဲ့ အစိုးရကို လိုလားသူတပ်ဖွဲ့ဝင်ကတော့ ၄ သောင်း ပါဝင်တယ်လို့လည်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ်အဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ဒီလဆန်းပိုင်းမှာတုန်းကလည်း သေဆုံးသူ အရေအတွက် ၉ သောင်း ၃ ထောင်ကို အတည်ပြုနိုင်တဲ့အကြောင်းနဲ့ တကယ်တမ်းမှာ သေဆုံးသူ အရေအတွက်ဟာ ဒီထက်လည်း ပိုနိုင်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ကတော့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ဒေသတွင်းမှာ ဘာသာရေး ကွဲပြားမှုကို အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့အကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား ပဋိပက္ခကို နိုင်ငံရေးနည်းအရ ဖြေရှင်းတာကသာ အကောင်းဆုံး ဖြစ်မယ်လို့လည်း အာရပ်သတင်းစာ  တစ်စောင်နဲ့ မေးမြန်းခန်းအတွင်း ဂျော်ဒန်ဘုရင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template