Headlines News :
Home » » စီးပွားရေးကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန် ပြည်သူသိအောင် ထုတ်ပြန်တော့မည်

စီးပွားရေးကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန် ပြည်သူသိအောင် ထုတ်ပြန်တော့မည်

Written By လွင့်မောင်မောင် on Wednesday, June 26, 2013 | 8:30 PM

သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း

    "Wednesday, June 26, 2013

    နိုင်ငံ၏ စီးပွားရေး ကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန်ကို ပြည်သူ သိ အောင်ချပြတော့မည်ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ထိုအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး၎င်းကိုယ်တိုင် ဦးဆောင်၍ ဆောင်ရွက်မည်ဟု ဆိုသည်။''ပြည်သူတိုင်း သိရမယ့် ကိစ္စပါ'' ဟု ၎င်းက ဆက်ပြောသည်။စွမ်းအင်၊ သတ္တုတွင်းထွက်၊ သစ် တောနှင့် သယံဇာတစသော ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းထုတ် ပြန်ပေးမည်ဖြစ်ပြီး ထိုအပေါ်ရရှိသည့် အခွန်အခ စသည်တို့ကိုပါ ထည့်သွင်း ဖော်ပြမည်ဟု ဝန်ကြီးက ထပ်လောင်း ဆိုသည်။၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်း သည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားရာ အခွန်ပေးသော ပြည်သူတို့ကလည်း မိမိတို့အခွန်ကို အစိုးရက မည်ကဲ့သို့ စီမံပုံကို သိလိုမှုအပေါ် ဖြည့်ဆည်းပေး ခြင်းဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။''သိခွင့်ရတဲ့အခြေအနေမှာ သိလို ကြတယ်။ ဒါကို သိခွင့်ပေးတယ်လို့ပဲယူ ဆပါတယ်''ဟု အောင်မြင်သူကုမ္ပဏီ များအုပ်စုမှ မန်နေဂျင်း ဒါရိုက်တာ ဦးလှမျိုးက ပြောသည်။ယခင်ကတည်းက အခွန်ရရှိမှု၊ သုံးငွေ၊ ရငွေကို ဝန်ကြီးဌာနအလိုက် ထုတ်ပြန်ခဲ့ကြသော်လည်း ကျယ်ကျယ် ပြန့်ပြန့် မရှိသဖြင့် ပြည်သူများဘက်မှ လည်း စိတ်ဝင်တစား စောင့်ကြည့်မှု နည်းပါးခဲ့သည်ဟု ကုန်သည်/စက်မှု အသင်းချုပ်ဗဟိုအလုပ်မှုဆောင် တစ်ဦး က ထောက်ပြသည်။ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိနေ သော စစ်အစိုးရ ထိပ်တန်းအရာရှိတို့ ဦးဆောင်ဖွဲ့စည်းခဲ့သည့် စီးပွားရေးဦး ပိုင်လီမီတက်ပင်လျှင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှစကာ ဝင်ငွေခွန်ကို ပေး ဆောင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကဆုံးဖြတ်ချက်ချခဲ့သည်။ထို့အပြင် ပြည်တွင်း အခွန်က လည်း လုပ်ငန်းရှင်တို့၏ အခွန်ဆောင် မှု ပမာဏကို အထူးအစီအစဉ်ဖြင့် အစိုးရသစ်လက်ထက်၌ ထုတ်ပြန်ခဲ့ သည်။

    မင်းသုအောင်

    Go there Myanmar.2013
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template