Headlines News :
Home » » ဘင်္ဂလာဒေခ်ျ့ ပါလီမန် နိုင်ငံခြား ရေးရာကော်မီတီမှ မြန်မာ ဒုက္ခသည်အရေး ဖြေရှင်းရန် ဆပ်ကော်မီတီဖွဲ့

ဘင်္ဂလာဒေခ်ျ့ ပါလီမန် နိုင်ငံခြား ရေးရာကော်မီတီမှ မြန်မာ ဒုက္ခသည်အရေး ဖြေရှင်းရန် ဆပ်ကော်မီတီဖွဲ့

Written By လွင့်မောင်မောင် on Monday, June 24, 2013 | 7:13 PM

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပါလီမန် ဆိုင်ရာ နိုင်ငံခြားရေးရာ ကော်မီတီမှ မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ အရေးကို ဖြေရှင်းဖို့ ဆပ်ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။
teknaf-check-point

၎င်းဆပ်ကော်မီတီကို ပါလီမန် အမတ် တစ်ဦးဖြစ်တဲ့ Saifuzzaman Chowdhury က ဦးဆောင်သွားမယ်လို့ သိရပါတယ်။
မနေ့ (တနင်္ဂနွေနေ့) က နိုင်ငံခြားရေးရာ ကော်မီတီက ဘင်္ဂလာဒေခ်ျ့ ပါလီမန်မှာ ပြောကြားရာမှာ အခု လတ်တလော  မြန်မာဘက်ကနေ ပူတီယာနဲ့ တက်ကနက်ဒေသကနေ  ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ ပြဿနာကို သံတမန်နည်းးအရ ဖြေရှင်းဖို့ ကြိုးစား ဆောင်ရွက်နေတဲ့ အကြောင်းကို ပြောဆိုပါတယ်။
ဒါ့ပြင် Saifuzzaman Chowdhury ဟာ များမကြာမီ အတွင်း ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ်မှာ ရှိတဲ့ မြန်မာဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှု့မယ်လို့ ပြောပါတယ်။
ခုလို ဖြေရှင်းဖို့ ဆောင်ရွက်ဖို့ စီစဉ်နေချိန်မှာဘဲ မြန်မာနိုင်ငံဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် စုစုပေါင်း ၃၄၄ ဦးကို ဒီလ အတွင်းမှာဘဲ ဘင်္ဂလာဒေခ်ျ့ကနေ မြန်မာဘက်ကို တရားမ၀င် လမ်းတွေကနေ ပြန်ပို့လိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template