အမေရိကန်ဒေါ်လာရဲ့ ပြင်ပပေါက်ဈေးဟာ အခုနှစ်ပိုင်းအတွင်း
အမြင့်ဆုံးနှုန်းထားအဖြစ် ၁ ဒေါ်လာ ကျပ် ၁၀၀၀ ရောက်သွားပြီဖြစ်ကြောင်း
ရွှေဘုံသာ နိုင်ငံခြားငွေဈေးကွက်က စုံစမ်းသိရပါတယ်။
ဇွန် ၂၆
ရက်နေ့မှာ ဒေါ်လာပေါက်ဈေး အ၀ယ် ၉၉၆ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၁ ဒေါ်လာ
ကျပ် ၁၀၀၀ ဖြစ်ပါတယ်။ သိမ်ဖြူလမ်း ငွေလဲကောင်တာတွေအပါအ၀င် တရားဝင် ငွေလဲ
ကောင်တာတွေမှာ အ၀ယ် ၉၅၆ ကျပ်၊ အရောင်း ၉၆၆ ကျပ် သတ်မှတ်ထားပေမယ့် လက်တွေ့
သွားဝယ်ရင် ဒေါ်လာ ကုန်နေတယ်၊ ရောင်းပေးဖို့ မရှိဘူးလို့ ဖြေကြပါတယ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလတုန်းက ဒေါ်လာဈေး
၉၅၀-၁၀၀၀ ဖြစ်ရင် ပို့ကုန်သမားတွေ အဆင်ပြေနေတာသိရက်နဲ့ ဘာကြောင့်
မလုပ်တာလဲလို့ ပြောဆိုမှုအပြီး ဒေါ်လာဈေးတွေ တရိပ်ရိပ် တက်လာတာနဲ့
ဆက်စပ်နိုင်ကြောင်း နိုင်ငံခြားငွေအရောင်းအ၀ယ် လုပ်သူတွေက
သုံးသပ်ပြောဆိုနေကြပါတယ်။
by ဒီဗွီဘီ