Headlines News :
Home » » ပြည်သူများ ဈေးသက်သာ စွာ လက်ကိုင်ဖုန်း သုံး နိုင် မည့် အခွင့် အရေး ကို လွှတ်တော် က ၀င်နှောင့် ပြီး စောင့်ကြည့် မည် ဟု ဆိုလာ ပြန်

ပြည်သူများ ဈေးသက်သာ စွာ လက်ကိုင်ဖုန်း သုံး နိုင် မည့် အခွင့် အရေး ကို လွှတ်တော် က ၀င်နှောင့် ပြီး စောင့်ကြည့် မည် ဟု ဆိုလာ ပြန်

Written By လွင့်မောင်မောင် on Thursday, June 27, 2013 | 5:55 PM

 telephone2606e
ယမန်နေ့ က ဆက်သွယ် ရေး ဥပဒေ ကို တစ်ခဲ နက် အတည် ပြု ပြီး နောက် ယနေ့ 
တွင် ပြန်လည် ပြင်ဆင် ပြီး အစိုးရ က ဆက်သွယ်ရေး အော်ပရေတာ တင် ခါ ခေါ်
ယူမှု ပြီး ဆုံး သည် အထိ စောင့် ကြည် သွား မည် ဟု ယနေ့  လွှတ်တော် အစည်း
အဝေး က ဆုံး ဖြတ် သည် ဟု FNG က သတင်း ရရှိ သည်။
ဆက်သွယ်ရေး ဥပဒေ ပေါ် ပေါက် ရေး အတည် ပြု ချက် ကြောင့် မြန်မာ့ ဆက် သွယ်
ရေး ၀န်ကြီးဌာန မှ တင်ဒါ ခေါ် ယူမှု အပြီး သတ် ရွေးချယ် မည့် နေ့  သည် နှောင့် နှေး
ခဲ့ ရသည်။
ဆက်သွယ်ရေး အော်ပရေတာ ခေါ် ဆို မှု အား အကဲဖြတ် စိစစ်ရွေးချယ်ရေးအဖွဲ့  မှလည်း ယနေ့  တင် ဒါ အပြီး သတ် ရွေးချယ်မှု ကို သတင်း ထုတ် ပြန် မည် ဟု ဆို
သည်။
ရန်ကုန် မြို့  ရှိ မိုဘိုင်(လ) ဟန်းဆက် အရောင်း ဆိုင် ၀န်ထမ်း တစ်ဦး က လွှတ်
တော် က ကပျက် က ယက် လုပ် တာ ပဲ ပြည်သူ တွေ သက်သက် သာ သာ နဲ့  လက်
ကိုင် ဖုန်း သုံး နိုင်မယ့် အရေး ကို ဖျက် တယ် ဟု ပြစ် တင် ပြောကြားသည်။
ယနေ့  လွှတ် တော် အစည်း အဝေး တွင် လည်း ဆက် သွယ်ရေး ၀န် ကြီး ဦး မြတ်
ဟိန်း က လာ ရောက် ထွက် ဆို မှု ပြု သည် ဟု သိရသည်။
ပြင် သစ် မှ Orange Telecom  ၊ သူဌေးကြီး ဂျော့ ဆို ရောစ် ကျောထောက် နောက်
ခံ ရှိ သည့် DigiCel ၊ Singapore Telecommunications, KDDI Corp, Telenor,
Axiata, Bharti Airtel (BRTI.NS), MTN, Vietnam’s Viettel,
Qtel (Ooredoo), Orange and Millicom International Cellular
စသည့် ကုမ္ပဏီ များ မှာ မြန်မာ့ ဆက် သွယ်ရေး ၏ စကာ တင် ရွေးချယ် မှု တွင် ပါဝင်
သည်။
အချို့  ကုမ္ပဏီ များ မှာ ကြော်ငြာ မှု များ နှင့် လုပ် ငန်း စတင် ဆောင်ရွက် မှု များ ပြု လုပ်
နေ ပြီး ၎င်း တို့  ၏ အများ ပြည်သူ သို့  အသိပေး ရှင်းလင်း မှု များ တွင် ဈေးနှုန်း ချို
သာ သော ခေါ်ဆို ခ များ နှင့် ကောင်း မွန် သော ၀န် ဆောင် မှု များ ပေး မည် ဟု မက်
လုံး ပေး ခဲ့သည်။
မြန်မာ နိုင်ငံ ၏ ဆက် သွယ်ရေး စနစ် ကို ဆယ်စုနှစ် ပေါင်းများ စွာ အစိုးရ က တင်း ကျပ် စွာ
ချုပ် ကိုင် ထား သည်။
FNG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template